Food & Livestock

Saturday, 21 October 2023 00:42
ဗီယက်နမ် စပါးဈေး မြင့်တက်၊ လယ်သမားများ အမြတ် ၂ ဆရ

Friday, 20 October 2023 20:35
အာရှဆန် တပတ်တာ ဈေးအတက်အကျနှင့် အလားအလာ

Thursday, 19 October 2023 22:39
အင်ဒိုနီးရှား ယခုနှစ် စပါးအထွက်နည်းမည်

Friday, 13 October 2023 22:47
သကြားဈေး မြင့်တက်သော်လည်း စက်တင်ဘာလကမ္ဘာ့ စားနပ်ရိက္ခာ စျေးနှုန်းညွှန်းကိန်း အနည်းငယ်သာ ပြောင်းလဲကြောင်း FAO ပြောကြား

Friday, 13 October 2023 11:10
၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ပြည်ပသို့ ဆန်တင်ပို့မှုသည် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက တန်ချိန် (၅) သိန်းခန့် လျော့နည်းသွားပြီး ထိုသို့ တင်ပို့မှု လျော့နည်းရခြင်းသည် ပြည်တွင်းဆန်စျေး မြင့်တက်မှုကြောင့် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။   ယခုဘဏ္ဍာနှစ် ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်၊ သြဂုတ် (၅) လတာကာလအတွင်း  ပြည်ပသို့ ဆန်တင်ပို့မှုသည် (၄) သိန်းခန့်သာ ရှိခဲ့ပြီး မြန်မာနိုင်ငံမှ ဆန်ကို ဥရောပနိုင်ငံများက အဓိကထား ဝယ်ယူကာ တရုတ်၊ ဖိလစ်ပိုင်နှင့် ဒေသတွင်း နိုင်ငံများသို့လည်း တင်ပို့လျက် ရှိကြောင်း သိရသည်။    ၂၀၂၃ ခုနှစ် စက်တင်ဘာလအတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ပြည်ပသို့ စုစုပေါင်း ဆန်တန်ချိန် (၄၉,၂၆၀) ကျော် တင်ပို့ခဲ့ပြီး…   အာရှနိုင်ငံများသို့ ဆန်တန်ချိန် (၃၃,၄၉၀) ကျော် ဥရောပနိုင်ငံများသို့ ဆန်တန်ချိန် (၁၀,၁၉၀) ကျော် အာဖရိက နိုင်ငံများသို့ ဆန်တန်ချိန် (၅,၅၇၀) ကျော် တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။  Advertisement Click Here > T & D Power Tech   အာရှနိုင်ငံများအနက် အင်ဒိုနီးရှားနိုင်ငံသို့ ဆန်တန်ချိန် (၁၁,၇၇၀) ကျော်၊ မလေးရှားနိုင်ငံသို့ ဆန်တန်ချိန် (၁၁,၃၉၀)  ကျော်၊  ဖိလစ်ပိုင်နိုင်ငံသို့ ဆန်တန်ချိန် (၉,၅၆၀) ကျော်၊ စင်ကာပူနိုင်ငံသို့ ဆန်တန်ချိန် (၄၀၆) ကျော်၊ ဟောင်ကောင်သို့ ဆန်တန်ချိန် (၂၃၀) ကျော်နှင့် ထိုင်ဝမ်သို့ ဆန်တန်ချိန် (၁၀၀) ကျော် တင်ပို့ခဲ့သည်။   ပြည်တွင်း အဓိကစားသုံးဆန်များ ဖြစ်သည့် ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းနှင့် ပေါ်ဆန်းအုပ်စုများ၊ ဧရာမင်း၊ ဧရာပဒေသာ၊ အညာသား၊ ပခန်းစသော ပြည်တွင်းစားဆန် အမျိုးအစားများအား ပြည်တွင်းဈေးကွက် အတွက်သာ ဦးစားပေး ဖြန့်ဖြူး ရောင်းချလျက် ရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ထံမှ သိရသည်။   ဧည့်မထအုပ်စုဆန်များ၊ ကရင်မ၊ ထွန်းပု၊ ငစိန် စသော ဆန်များ၊ ပေါင်းဆန်များကိုသာ အဓိက ပြည်ပတင်ပို့လျက် ရှိပြီး ဆန်ပြည်ပတင်ပို့မှုကို ရပ်နားထားခြင်းမရှိဘဲ ပြည်ပတင်ပို့ရန် ဆန်စုဆောင်းမှု ၁၀၀ ရာခိုင်နှုန်း (Cargo Readiness 100%) ရှိသည့် ကုမ္ပဏီများကို (Pre Shipment Inspection) စိစစ်ပြီး ပို့ကုန်လိုင်စင် ထုတ်ပေးခြင်းကို ဆက်လက် ဆောင်ရွက်ပေးလျက် ရှိသည်ဟု ဆိုသည်။  

Thursday, 12 October 2023 22:31
ဗီယက်နမ်ဆန် အများဆုံး ဝယ်ယူသည့် အရှေ့တောင်အာရှနိုင်ငံများ တိုးမြှင့်ဝယ်ယူ

Thursday, 12 October 2023 19:31
မလေးရှားတွင် ဆန်လှောင်မှုဖြင့် ဆန်မက်ထရစ်တန် ၁၈၀ သိမ်းဆည်း အရေးယူ

Thursday, 12 October 2023 19:27
ပြောင်းတန်ချိန် ၅သိန်း အင်ဒိုနီးရှား တင်သွင်းမည်

Wednesday, 11 October 2023 20:46
မလေးရှား ဆန်ပြဿနာ အချက် ၄ ချက်ဖြင့် ကိုင်တွယ်ဖြေရှင်း