Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မူဆယ်နယ်စပ်မှာ သောင်တင်နေတဲ့ မြန်မာ့ဆန်တွေကို တရုတ်က ပြန်ဝယ်နေ

တရုတ်ဘက်က မဝယ်တာကြောင့် မူဆယ်နယ်စပ်မှာ သောင်တင်နေခဲ့တဲ့ ဆန်တန်ချိန် (၅၀,ဝဝဝ) ကျော်ဟာ အခုဆိုရင် တန်ချိန် (၂၀,ဝဝဝ) လောက်သာ ကျန်တော့တယ်လို့ သိရပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က “ အခု မူဆယ်ဘက်ကနေ တစ်နေ့ကို တန်ချိန် (၁ဝဝဝ)၊ (၁၅ဝဝ) လောက်ထွက်နေတယ်၊ အခုနောက်ပိုင်းမှာ တန်ချိန် (၂၀,ဝဝဝ) လောက်ပဲရှိတော့တယ်ဆိုတော့  နေ့စဉ်ဆန်တွေထွက်နေတယ်၊ သူတို့ ဘက်ကလဲ စစ်ဆေးပြီးတော့ ယူနေတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။

 

မူဆယ်နယ်စပ်မှာ သောင်တင်နေတဲ့ ဆန်တန်ချိန် (၅၀,ဝဝဝ) ကျော်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလောက်ကစပြီး တရုတ်ဘက်က အဝယ်မရှိခဲ့တာကြောင့် ကျန်ရှိနေတဲ့ ဆန်တွေဖြစ်ပါတယ်။ အဲ့ဒီနာက်မှာတော့ အစိုးရနဲ့ တရုတ်နိုင်ငံတို့ ပိုမိုဆွေးနွေးညှိနှိုင်းလာသလို အခုဆိုရင်လည်း ဆန်တန်ချိန် (၁၀,ဝဝဝ) ကို ကုန်ပစ္စည်းဖလှယ်တဲ့စနစ်နဲ့ တင်ပို့ဖို့ စာချုပ်ချုပ်ဆိုထားပြီး ဖြစ်ပါတယ်။

 

၎င်းအပြင် တရုတ်ကို အရည်အသွေးပြည့်မီစွာ တင်ပို့နိုင်မယ့် ဆန်စက် အရေအတွက်တွေလည်း တိုးမြှင့်ပေးနိုင်အောင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဒီလထဲမှာ နိုင်ငံခြားကုမ္ဗဏီတွေနဲ့ နိုင်ငံခြားဖက်စပ်ကုမ္ဗဏီတွေကို ပြည်တွင်းမှာထုတ်လုပ်တဲ့ ကုန်ပစ္စည်း (၇) မျိုးကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြည်တွင်းထုတ်လုပ်သူတွေဆီက  တစ်ဆင့်ဝယ်ယူပြီး ပြည်ပတင်ပို့ခွင့်ပြုမယ်လို့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

 

Read More >>>>>  ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ဆန်ကွဲသုံးပုံတစ်ပုံကို မူဆယ်ဈေးကွက်သို့ တင်ပို့

 

ဒီကုန်ပစ္စည်း (၇) မျိုးထဲမှာ ဆန်နဲ့ ဆန်ကွဲပါဝင်ခဲ့ပြီး ဒါကလည်း ပြည်ပဆန်ဈေးကွက် ကျယ်ပြန့်လာဖို့ဖြစ်ကြောင်း၊ နိုင်ငံခြားဖက်စပ်ကုမ္ပဏီများက ပြည်တွင်းမှာတဆင့် ဝယ်မယ်ဆိုရင် ပြည်တွင်းကလဲ ရောင်းရမယ်၊ တောင်သူတွေလဲ အဆင်ပြေမယ်၊ ပြည်ပပို့တဲ့အတွက်  ဈေးကွက်လဲ ပိုကျယ်လာမယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။ 

 

နိုင်ငံခြားဖက်စပ်ကုမ္ဗဏီနဲ့ နိုင်ငံခြားကုမ္ဗဏီတွေဟာ ဆန်နဲ့ ဆန်ကွဲတင်ပို့ဖို့ဆိုရင် ပြည်ပကနေ ပြည်တွင်းဘဏ်တစ်ခုခုကို ကနဦး ရင်းနှီးမြှုပ်နှံမှုထည့်ဝင်ငွေ အနည်းဆုံး ကန်ဒေါ်လာသုံးသန်း လွှဲပြောင်းပြီးဖြစ်ကြောင်း အထောက်အထားပါရှိရမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားငွေတွေလည်း ဝင်ရောက်လာမယ်လို့ ပြောပါတယ်။

 

Source: Kumudra

Read times Last modified on Monday, 01 July 2019 13:30
Rate this item
(1 Vote)