Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အောက်တိုဘာလကုန်တွင် အစိုးရက အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူပေးနိုင်ရန် စီစဉ်နေ

Unicode

အောက်တိုဘာလကုန်တွင် အစိုးရက အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူပေးနိုင်ရန် စီစဉ်နေ

အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူရေး ယခုလကုန်တွင် စတင်ဝယ်ယူနိုင်ရန် စီစဉ်နေကြောင်း အစိုးရတာဝန်ရှိသူအချို့က ပြောပါတယ်။

 

မြန်မာနိုင်ငံတွင် အဓိကစပါးစိုက်ပျိုးရာဒေသဖြစ်တဲ့ ဧရာဝတီတိုင်းမှာ အစိုးရသတ်မှတ်ထားတဲ့ အခြေခံစပါးဈေးနှုန်း စပါးတင်း (၁၀၀) လျှင် ကျပ်ငါးသိန်းဖြင့် ဝယ်ယူရေး လက်ရှိမှာ စီမံချက်ရေးဆွဲနေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိုးအောင်က ပြောပါတယ်။

 

Rice Merchants ဆန္ကုန္သည္ေပါင္း ၁၅၄၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ဒါ့အပြင် စပါးဝယ်ယူရန် ဧရာဝတီတိုင်းအတွက် ဦးစွာ ကျပ်ငွေငါးဘီလီယံခန့် သုံးစွဲရန် လျာထားပြီးနောက် လိုအပ်ပါက ပြည်ထောင်စုအစိုးရထံ ထပ်မံတောင်းယူရန် စီစဉ်ထားကြောင်း ၎င်းက ဆိုပါတယ်။

 

အခြေခံဈေးဖြင့် စပါးဝယ်ယူရေးကို ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး အစိုးရဘတ်ဂျက်ကို သုံးစွဲမှာဖြစ်ပေမယ့်လည်း သက်ဆိုင်ရာမြို့နယ်များရှိ ဆန်စက်များမှာ ဆိုင်းဘုတ်ထောင်ကာ ဝယ်ယူမှာဖြစ်ပါတယ်။

 

အခြေခံဈေးနှုန်းဖြင့် စပါးဝယ်ယူရာတွင် အရည်အသွေးသတ်မှတ်ချက်ကို တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့က သတ်မှတ်ချက်အတိုင်း ဆောင်ရွက်မှာဖြစ်ပါတယ်။

 

လယ်သမားများ ရောင်းချမယ့် စပါးတွင် အစိုဓာတ်ပါဝင်မှု (၁၄) ရာခိုင်နှုန်း သတ်မှတ်ပြီး အဖျင်းမှော်၊ ဖုန်၊ သဲ၊ ခဲ ကင်းစင်ရမှာဖြစ်ပါတယ်။ ၎င်းစံချိန်စံညွှန်းများနဲ့ ကိုက်ညီတဲ့ စပါးကို တစ်တင်း၏ အလေးချိန် (၄၆) ပေါင်နှင့် စပါးတင်း (၁၀၀) ကို ကျပ်ငါးသိန်း သတ်မှတ်ဝယ်ယူမှာဖြစ်ပါတယ်။

 

Read More >>>>>   သေဘၤာရြက္ေဖ်ာ္ရည္၏ အက်ိဳးေက်းဇူးမ်ား

 

‘‘အချိန်မီ ဝယ်ပေးနိုင်မယ်ဆိုရင် လယ်သမားတွေအတွက် မဆိုးပါဘူး’’ လို့ လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောပါတယ်။

 

လက်ရှိ ရိတ်သိမ်းနေတဲ့ စပါးများကို ကျေးရွာများ၊ လယ်ကွင်းများအတွင်းဆင်းပြီး စပါးတစ်တင်းပေါင် ၅၀၊ ၅၅ ပေါင် အလေးချိန်ဖြင့် စပါးတင်း (၁၀၀) လျှင် ကျပ်လေးသိန်းခွဲခန့်ဖြင့် ကုန်သည်၊ ပွဲစားများက ဝယ်ယူကြောင်း ၎င်းက ပြောပါတယ်။

 

Source: 7Day Daily

 

 

ေအာက္တုိဘာလကုန္တြင္ အစုိးရက အေျခခံေစ်းႏႈန္းျဖင့္ စပါးဝယ္ယူေပးႏုိင္ရန္ စီစဥ္ေန

 

အေျခခံေဈးႏႈန္းျဖင့္ စပါးဝယ္ယူေရး ယခုလကုန္တြင္ စတင္ဝယ္ယူႏိုင္ရန္ စီစဥ္ေနေၾကာင္း အစိုးရတာဝန္ရွိသူအခ်ိဳ႔က ေျပာပါတယ္။

 

ျမန္မာႏိုင္ငံတြင္ အဓိကစပါးစိုက္ပ်ိဳးရာေဒသျဖစ္တဲ့ ဧရာဝတီတိုင္းမွာ အစိုးရသတ္မွတ္ထားတဲ့ အေျခခံစပါးေဈးႏႈန္း စပါးတင္း (၁၀၀) လွ်င္ က်ပ္ငါးသိန္းျဖင့္ ဝယ္ယူေရး လက္ရွိမွာ စီမံခ်က္ေရးဆြဲေနၿပီျဖစ္ေၾကာင္း ဧရာဝတီတိုင္းေဒသႀကီး စားသုံးသူေရးရာဦးစီးဌာန တိုင္းဦးစီးမွဴး ဦးစိုးေအာင္က ေျပာပါတယ္။

 

Rice Merchants ဆန္ကုန္သည္ေပါင္း ၁၅၄၆ ခုကိုရွာရန္ႏွိပ္ပါ။

 

ဒါ႔အျပင္ စပါးဝယ္ယူရန္ ဧရာဝတီတိုင္းအတြက္ ဦးစြာ က်ပ္ေငြငါးဘီလီယံခန႔္ သုံးစြဲရန္ လ်ာထားၿပီးေနာက္ လိုအပ္ပါက ျပည္ေထာင္စုအစိုးရထံ ထပ္မံေတာင္းယူရန္ စီစဥ္ထားေၾကာင္း ၎က ဆိုပါတယ္။

 

အေျခခံေဈးျဖင့္ စပါးဝယ္ယူေရးကို ပုဂၢလိကက႑နဲ႔ ပူးေပါင္းေဆာင္႐ြက္မွာျဖစ္ၿပီး အစိုးရဘတ္ဂ်က္ကို သုံးစြဲမွာျဖစ္ေပမယ့္လည္း သက္ဆိုင္ရာၿမိဳ႕နယ္မ်ားရွိ ဆန္စက္မ်ားမွာ ဆိုင္းဘုတ္ေထာင္ကာ ဝယ္ယူမွာျဖစ္ပါတယ္။

 

အေျခခံေဈးႏႈန္းျဖင့္ စပါးဝယ္ယူရာတြင္ အရည္အေသြးသတ္မွတ္ခ်က္ကို ေတာင္သူလယ္သမား အခြင့္အေရးကာကြယ္ေရးႏွင့္ အက်ိဳးစီးပြားျမႇင့္တင္ေရးဦးေဆာင္အဖြဲ႕က သတ္မွတ္ခ်က္အတိုင္း ေဆာင္႐ြက္မွာျဖစ္ပါတယ္။

 

လယ္သမားမ်ား ေရာင္းခ်မယ့္ စပါးတြင္ အစိုဓာတ္ပါဝင္မႈ (၁၄) ရာခိုင္ႏႈန္း သတ္မွတ္ၿပီး အဖ်င္းေမွာ္၊ ဖုန္၊ သဲ၊ ခဲ ကင္းစင္ရမွာျဖစ္ပါတယ္။ ၎စံခ်ိန္စံၫႊန္းမ်ားနဲ႔ ကိုက္ညီတဲ့ စပါးကို တစ္တင္း၏ အေလးခ်ိန္ (၄၆) ေပါင္ႏွင့္ စပါးတင္း (၁၀၀) ကို က်ပ္ငါးသိန္း သတ္မွတ္ဝယ္ယူမွာျဖစ္ပါတယ္။

 

Read More >>>>>   သေဘၤာရြက္ေဖ်ာ္ရည္၏ အက်ိဳးေက်းဇူးမ်ား

 

‘‘အခ်ိန္မီ ဝယ္ေပးႏိုင္မယ္ဆိုရင္ လယ္သမားေတြအတြက္ မဆိုးပါဘူး’’ လို႔ လယ္သမားဘ၀ဖြံ႕ၿဖိဳးေရးအသင္းဥကၠ႒ ဦးသိန္းေအာင္က ေျပာပါတယ္။

 

လက္ရွိ ရိတ္သိမ္းေနတဲ့ စပါးမ်ားကို ေက်း႐ြာမ်ား၊ လယ္ကြင္းမ်ားအတြင္းဆင္းၿပီး စပါးတစ္တင္းေပါင္ ၅၀၊ ၅၅ ေပါင္ အေလးခ်ိန္ျဖင့္ စပါးတင္း (၁၀၀) လွ်င္ က်ပ္ေလးသိန္းခြဲခန႔္ျဖင့္ ကုန္သည္၊ ပြဲစားမ်ားက ဝယ္ယူေၾကာင္း ၎က ေျပာပါတယ္။

 

Source: 7Day Daily

 

 

Read times Last modified on Thursday, 13 February 2020 09:20
Rate this item
(0 votes)