Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


လသာမြို့နယ်တွင် အစဉ်အလာမပျက် ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်

Unicode

 

လသာမြို့နယ်တွင် အစဉ်အလာမပျက် ကျင်းပမယ့် တရုတ်နှစ်သစ်ကူးပွဲတော်

တရုတ်နှစ်သစ်ကူးအချိန်အခါမှာ တရုတ်တန်းကို သွားကိုသွားရမှ ကျေနပ်တဲ့လူတွေအတွက် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိတဲ့ လသာမြို့နယ်က တရုတ်နှစ်သစ်ကူးပွဲတော်ကို အစဉ်အလာမပျက် ကျင်းပသွားမှာဖြစ်ပါတယ်။ ဇန်နဝါရီလ ၂၅ ရက်နေ့ကနေ၂၆ ရက်နေ့ ၂ ရက်တိုင်တိုင် မနက် ၉ နာရီကနေ ည ၁၁ နာရီအထိ ပြုလုပ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

ဒီပွဲကို ဖူကျန့်တရုတ်အမျိုးသားများအသင်း၊ မြန်မာနိုင်ငံ တရုတ်ကုန်သည်ကြီးများအသင်း၊ ရန်ကုန်ယူနန်အသင်း၊ မြန်မာနိုင်ငံကွမ်းတုံကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း၊ တရုတ်အမျိုးသားကုသိုလ်ဖြစ်အသင်းနဲ့ ရွှေသံလွင်ကုမ္ပဏီအုပ်စုတို့ ပူးပေါင်းပြီး ကျင်းပခြင်းဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  ၾကက္ဟင္းခါးသီးေထာင္း

 

၂၀၂၀ လသာမြို့နယ် တရုတ်နှစ်သစ်ကူးပွဲတော်မှာ ပါဝင်သွားမယ့် အစီအစဉ်တွေကတော့ တရုတ်ရိုးရာဖျော်ဖြေရေးအစီအစဉ်များ၊ နာမည်ကျော်အဆိုတော် (၇) ဦးပါဝင်သီဆိုဖျော်ဖြေမယ့် Live Show၊ နာမည်ကျော်စားသောက်ဆိုင်များ ပါဝင်ရောင်းချမယ့် မုန့်ဈေးတန်း၊ စတုဒီသာမဏ္ဍပ်များ၊ အပျော်တမ်းဂိမ်းတွေကစားပြီး မုန့်တွေ၊ မုန့်စားကတ်တွေ၊ လက်ဆောင်တွေရရှိနိုင်မယ့် အထူးအစီအစဉ်တွေလည်း ပါဝင်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

 

၎င်းအပြင် လျှောက်လမ်းမှာ တရုတ်မီးပုံးနီနီလေးတွေ ချိတ်ဆွဲထားပြီး မိမိတို့ကြိုက်နှစ်သက်တဲ့ ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးနိုင်ဖို့အတွက် Photobooth များ ထားရှိပေးသွားမှာဖြစ်ပါတယ်။ တရုတ်ရိုးရာ လာဘ်ကောင် အရုပ်လေး (၁၂) ရုပ်ရဲ့ ရုပ်တုတွေကိုလည်း လျှောက်လမ်းတစ်လျှောက်မှာ အလှဆင်ထားဦးမှာ ဖြစ်ပါတယ်။ ပွဲတော်ကိုလာရင်း တရုတ်နဂါးအကအလှတွေကိုလည်း ရင်သက်ရှုမောဖွယ်ရာ ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

 

ပွဲတော်နဲ့ပတ်သတ်လို့ အခြား Challange တွေလည်း ပြုလုပ်သွားမှာဖြစ်လို့ အသေးစိတ်ကို >>> http://bit.ly/2uhGibI မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

 

#Myanmar Food Industrial Directory

 

 

လသာၿမိဳ႕နယ္တြင္ အစဥ္အလာမပ်က္ က်င္းပမယ္႔ တရုတ္ႏွစ္သစ္ကူးပြဲေတာ္

 

တ႐ုတ္ႏွစ္သစ္ကူးအခ်ိန္အခါမွာ တ႐ုတ္တန္းကို သြားကိုသြားရမွ ေက်နပ္တဲ့လူေတြအတြက္ ေအာက္တြင္ ေဖာ္ျပေပးလုိက္ပါတယ္။

 

ႏွစ္စဥ္ႏွစ္တိုင္း က်င္းပေလ႔ရွိတဲ႔ လသာၿမိဳ႕နယ္က တရုတ္ႏွစ္သစ္ကူးပြဲေတာ္ကို အစဥ္အလာမပ်က္ က်င္းပသြားမွာျဖစ္ပါတယ္။ ဇန္နဝါရီလ ၂၅ ရက္ေန႔ကေန၂၆ ရက္ေန႔ ၂ ရက္တိုင္တိုင္ မနက္ ၉ နာရီကေန ည ၁၁ နာရီအထိ ျပဳလုပ္သြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။

 

Read More >>>>>  ၾကက္ဟင္းခါးသီးေထာင္း

 

ဒီပြဲကို ဖူက်န္႔တ႐ုတ္အမ်ိဳးသားမ်ားအသင္း၊ ျမန္မာႏိုင္ငံ တ႐ုတ္ကုန္သည္ႀကီးမ်ားအသင္း၊ ရန္ကုန္ယူနန္အသင္း၊ ျမန္မာႏိုင္ငံကြမ္းတုံကုန္သည္မ်ားႏွင့္ စက္မႈလုပ္ငန္းရွင္မ်ားအသင္း၊ တ႐ုတ္အမ်ိဳးသားကုသိုလ္ျဖစ္အသင္းနဲ႔ ေ႐ႊသံလြင္ကုမၸဏီအုပ္စုတို႔ ပူးေပါင္းၿပီး က်င္းပျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

၂၀၂၀ လသာၿမိဳ႕နယ္ တ႐ုတ္ႏွစ္သစ္ကူးပြဲေတာ္မွာ ပါဝင္သြားမယ္႔ အစီအစဥ္ေတြကေတာ့ တ႐ုတ္႐ိုးရာေဖ်ာ္ေျဖေရးအစီအစဥ္မ်ား၊ နာမည္ေက်ာ္အဆိုေတာ္ (၇) ဦးပါဝင္သီဆိုေဖ်ာ္ေျဖမယ္႔ Live Show၊ နာမည္ေက်ာ္စားေသာက္ဆိုင္မ်ား ပါဝင္ေရာင္းခ်မယ့္ မုန႔္ေဈးတန္း၊ စတုဒီသာမ႑ပ္မ်ား၊ အေပ်ာ္တမ္းဂိမ္းေတြကစားၿပီး မုန္႔ေတြ၊ မုန္႔စားကတ္ေတြ၊ လက္ေဆာင္ေတြရရွိႏိုင္မယ့္ အထူးအစီအစဥ္ေတြလည္း ပါဝင္သြားမွာ ျဖစ္ေၾကာင္း သိရပါတယ္။

 

၎အျပင္ ေလွ်ာက္လမ္းမွာ တ႐ုတ္မီးပံုးနီနီေလးေတြ ခ်ိတ္ဆြဲထားၿပီး မိမိတို႕ႀကိဳက္ႏွစ္သက္တဲ့ ဓာတ္ပံုလွလွေလးေတြ ႐ိုက္ကူးႏိုင္ဖို႕အတြက္ Photobooth မ်ား ထားရွိေပးသြားမွာျဖစ္ပါတယ္။ တ႐ုတ္႐ိုးရာ လာဘ္ေကာင္ အ႐ုပ္ေလး (၁၂) ႐ုပ္ရဲ႕ ႐ုပ္တုေတြကိုလည္း ေလွ်ာက္လမ္းတစ္ေလွ်ာက္မွာ အလွဆင္ထားဦးမွာ ျဖစ္ပါတယ္။ ပြဲေတာ္ကိုလာရင္း တ႐ုတ္နဂါးအကအလွေတြကိုလည္း ရင္သက္႐ႈေမာဖြယ္ရာ ၾကည့္႐ႈခံစားႏိုင္မွာျဖစ္ပါတယ္။

 

ပြဲေတာ္နဲ႔ပတ္သတ္လို႔ အျခား Challange ေတြလည္း ျပဳလုပ္သြားမွာျဖစ္လို႔ အေသးစိတ္ကို >>> http://bit.ly/2uhGibI မွာ ဝင္ေရာက္ၾကည္႔ရႈႏိုင္ပါတယ္။

 

#Myanmar Food Industrial Directory

Read times Last modified on Thursday, 30 January 2020 14:41
Rate this item
(1 Vote)