Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံ အထက်ပိုင်း၌ GAP စနစ်ဖြင့် ဆောင်းငရုတ် စိုက်ပျိုးရန် ဆောင်ရွက်နေ

Unicode

မြန်မာနိုင်ငံ အထက်ပိုင်း၌ GAP စနစ်ဖြင့် ဆောင်းငရုတ် စိုက်ပျိုးရန် ဆောင်ရွက်နေ


ယခုနှစ်ဆောင်းသီးနှံအတွက်  မြန်မာနိုင်ငံ အထက်ပိုင်းဒေသတို့၌ GAP စနစ်ဖြင့် ဆောင်းငရုတ် စိုက်ပျိုးရန် ဆောင်ရွက်နေကြောင်း  မြန်မာ့ငရုတ်သီး ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုး တိုးတက်ရေးအသင်းမှ သိရသည်။

 

ယခုနှစ် ဆောင်းရာသီအတွက် ငရုတ်စိုက်ကွက်များကို GAP  စနစ်ဖြင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ စိုက်ပျိုးရန် စီစဉ်ခဲ့သော်လည်း အခက်အခဲ တချို့ရှိခဲ့သည်။

 

စိုက်ပျိုးရာတွင် မြေပြင်ပြုပြင်ခြင်းနှင့် ကိုင်းရှင်းရန် လိုအပ်ပြီး ပျိုးပင်အတွက် အချိန် ၄၅ ရက် ပေးရမည်ဖြစ်သောကြောင့် ဧရာဝတီတိုင်း ဒေသကြီး၌ ယခုနှစ် ဆောင်းရာသီတွင် စိုက်ပျိုးရန် မမီတော့သော်လည်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသတို့၌  စိုက်ပျိုးနိုင်ရန်  လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 

Read More >>>>>   ဈေးကွက်သို့ မိုးကြက်သွန်နီများ အများအပြား ၀င်ရောက်လာ

 

““GAP စနစ်နဲ့  စိုက်ပျိုးရင်   ပြည်ပဈေးကွက်အတွက်လည်း ကောင်းတယ်။ စိုက်ပျိုးသူ အတွက်လည်း ဘေးအန္တရာယ် ကင်းတယ်။ မန္တလေးကနေ ဝမ်းတွင်းမြို့နယ်အထိ ယာမြေတွေမှာ စိုက်လို့ရတယ်။   အဲဒီအတွက် မြေကိုအရင် ရွေးမှာပါ”” ဟု မြန်မာ့ငရုတ်သီးဈေးကွက်နှင့်  နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဒေါ်ဥမ္မာ ကျော်ကပြောသည်။

 

မြန်မာ့ငရုတ်ကို ဧရာဝတီတိုင်းဒေသကြီး၌ အများဆုံးစိုက်ပျိုးပြီး ကျောက်ဆည်၊ မြစ်သားနှင့် ဟန်မြင့်မိုရ်စသည့်  မြန်မာနိုင်ငံ အထက်ပိုင်းဒေသတို့၌လည်း စိုက်ပျိုးကြောင်း သိရသည်။       

 

Source: Myawaddy

 

 

 

အခြေခံရည်ညွှန်းဈေးဖြင့် စပါးဝယ်ယူရေး စည်းမျဉ်းများ ဒီဇင်ဘာ ၄ ရက်တွင် ထုတ်ပြန်မည်

 

အခြေခံရည်ညွှန်းဈေး ဖြင့် စပါးဝယ်ယူရေးစည်းမျဉ်း စည်းကမ်းများ ဒီဇင်ဘာ ၄ ရက် တွင် ထုတ်ပြန်မည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန် ကြီးဌာန ဒုတိယဝန်ကြီးဦးအောင် ထူးက ပြောသည်။

 

တိုင်းနှင့် ပြည်နယ်ဝန်ကြီး များ၊ အသင်းအဖွဲ့များမှ တာဝန် ရှိသူများပါဝင်သည့် အစည်းအ ဝေးပြုလုပ်ပြီး အတည်ပြုထုတ် ပြန်မည်ဖြစ်သည်။

 

လက်ရှိ ဧရာဝတီတိုင်း၊ ပဲခူး တိုင်းနှင့် ရန်ကုန်တိုင်းတွင် အခြေ ခံဈေးနှုန်းဖြင့် စပါးဝယ်ယူရန် ကျပ် ၁၂ ဘီလီယံ လျာထားသည်။

 

အခြေခံရည်ညွှန်းဈေးဖြင့် စပါးဝယ်ယူရေးကို တိုင်းနှင့်ပြည် နယ်အစိုးရများက ဦးဆောင် ဝယ်ယူမည်ဟုဦးအောင်ထူးက ပြောသည်။

 

လက်ရှိတွင် တိုင်းသုံးခုမှ သာ အခြေခံရည်ညွှန်းဈေးဖြင့် စပါးဝယ်ယူရေး ဆောင်ရွက်မည် ဖြစ်သော်လည်း လိုအပ်ပါက အ ခြားတိုင်းနှင့် ပြည်နယ်များမှ လည်း ဝယ်ယူပေးမည်ဟု ၎င်းက ပြောသည်။

 

Read More >>>>>   ဈေးကွက်သို့ မိုးကြက်သွန်နီများ အများအပြား ၀င်ရောက်လာ

 

ထို့အပြင် ငွေကြေးလိုအပ် ချက်ရှိမည်ဆိုပါက လက်ရှိလျာ ထားသည့် ကျပ် ၁၅ ဘီလီယံ အပြင် လှည့်လည်ရန်ပုံငွေမှ ထပ် မံတောင်းယူပေးမည်ဟုဆိုသည်။

 

အခြေခံရည်ညွှန်းဈေးဖြင့် စပါးဝယ်ပေးစေချင်သည့် တိုင်း နှင့်ပြည်နယ်အစိုးရများက ဦးစွာ တင်ပြမှသာ ဝယ်ယူရေးကို ပြည် ထောင်စုအစိုးရက ဆောင်ရွက် ပေးနိုင်မည်ဟု ဦးအောင်ထူးက ပြောသည်။

 

ယခုနှစ်တွင် မိုးစပါးစော ထွက်ခြင်းကြောင့် သိုလှောင်စရာ ဂိုဒေါင်များရှားသဖြင့် လယ်သ မားများက စပါးကို တိုက်ရိုက် ထုတ်ရောင်းရ၍ စပါးဈေးကျ ဆင်းခြင်းဖြစ်သည်ဟု စီးပွားကူး သန်းပြည်ထောင်စုဝန်ကြီး ဒေါက် တာသန်းမြင့်က သုံးသပ်ပြော ကြားသည်။

 

စပါးအဓိကစိုက်ပျိုးသော ပဲ ခူးတိုင်းတွင် ဆန်စက်ပိုင်ရှင်အ ချို့က လက်ရှိတွင် စပါးဝယ်ယူရန် အခက်အခဲကြုံနေ၍ စပါးအဝယ် ရပ်ထားသည့်ဆန်စက်များရှိနေ သည်ဟု ပဲခူးတိုင်းဆန်စပါးအ သင်းအတွင်းရေးမှူး ဦးကျော်စိုး မိုးက ပြောသည်။

 

ရန်ကုန်ဈေးကွက်တွင် ဆန် ဈေးသည် တစ်အိတ်လျှင် ကျပ် ၁၆,၅၀၀ ဈေးဖြင့် ရောင်းချပြီး သယ်ယူစရိတ် မြင့်တက်ခြင်း ကြောင့် စပါးဝယ်၊ ဆန်ကြိတ်ပြီး ပြန်လည်ရောင်းချမည့်ဆန်စက် များ ရပ်နားထားရသည်။

 


Source: 7 day news

Read times Last modified on Tuesday, 04 February 2020 17:27
Rate this item
(0 votes)