Food & Livestock
ဘန်ကောက်အခြေစိုက် Makro ကုမ္ပဏီ၏ ပထမဦးဆုံးရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
Unicode
ဘန်ကောက်အခြေစိုက် Makro ကုမ္ပဏီ၏ ပထမဦးဆုံးရုံးခွဲကို ရန်ကုန်မြို့တွင် ဖွင့်လှစ်မည်
အာဆီယံနိုင်ငံများ၏ ရေရှည်တည်တံ့ခိုင်မြဲသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေရန်အတွက် ဘန်ကောက်အခြေစိုက် ကုမ္ပဏီဖြစ်သည့် Siam Makro Pcl (Makro) မှ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် အသင်းချုပ် (UMFCCI) နှင့် ချိတ်ဆက်ပြီး ဆွေးနွေးပွဲတစ်ခုကို ပြုလုပ်ကျင်းပခဲ့ပါတယ်။
"Business Networking with Makro" ဆိုတဲ့ ခေါင်းစဉ်ဖြင့် စီးပွားရေးသမားများနှင့် ဒေသခံလက်လီအရောင်းဆိုင်များအကြား စီးပွားရေးကွန်ယက်ပိုမိုကောင်းမွန်လာစေရန် ဆွေးနွေးခဲ့ခြင်းဖြစ်ပါတယ်။
အဆိုပါ ဆွေးနွေးပွဲတွင် Makro မှ အမှုဆောင်အရာရှိများမှ သူတို့၏ စီးပွားရေးအမြင်များ၊ ဒေသခံများအတွက် စားနပ်ရိက္ခာဖူလုံရေးနှင့် ဆက်သွယ်ရေးပိုင်းဆိုင်ရာ အမြင်များကို ဝေမျှပေးသွားခဲ့ပါတယ်။
ဒါ့အပြင် Makro ကုမ္ပဏီသည် အစားအသောက် လက်လီလက်ကားရောင်းတဲ့ ကုမ္ပဏီဖြစ်ပြီး ၂၀၂၀ နှစ်စပိုင်းတွင် ရန်ကုန်မြို့မှာ ရုံးခွဲဖွင့်လှစ်နိုင်အောင် ပြုလုပ်သွားမယ်လို့ သိရပါတယ်။
Read More >>>>> ျမန္မာၾကက္သြန္နီဝယ္ရန္ ဘဂၤလားေဒ့ရွ္အစိုးရက သတင္းအခ်က္အလက္ စုေဆာင္းေန
မြန်မာနိုင်ငံက အရှေ့တောင်အာရှအတွင်းမှာ ကမ္ဘာလှည့်ခရီးသွားများနှင့် ရင်းနှီးမြုပ်နှံသူများအတွက် စိတ်ဝင်စားသည့် နေရာတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက်လည်း အခွင့်အလမ်းကောင်းများကို ရရှိနိုင်မှာပါလို့ Makro မှ ဆက်သွယ်ဆိုင်ရာ အကြီးအကဲတစ်ဦးဖြစ်သူ Siriporn Dechsingha မှာ ပြောကြားခဲ့ပါတယ်။
Makro ကုမ္ပဏီသည်လည်း နိုင်ငံရပ်ခြားဈေးကွက်များကို ချဲ့ထွင်လာပြီး မြန်မာနိုင်ငံတွင်လည်း ရုံးခွဲဖွင့်နိုင်ရန် ဈေးကွက်သုတေသနနှင့် ဒေသခံစားသုံးသူများ၏ အပြုအမူများကို လေ့လာမှုအရင်ပြုလုပ်သွားရန် စီစဉ်ထားပါတယ်။
လက်ရှိအချိန်တွင် Makro ကုမ္ပဏီသည် ထိုင်းနိုင်ငံတွင် ရုံးခွဲပေါင်း (၁၃၃) ခု ဖွင့်လှစ်ထားပြီး ပြည်ပရုံးခွဲများအဖြစ် ကမ္ဘောဒီးယားနိုင်ငံတွင် (၂) ခု၊ အိန္ဒိယနိုင်ငံတွင် (၃) ခု နှင့် တရုတ်နိုင်ငံတွင် (၁) ခု ဖွင့်လှစ်ထားပါတယ်။
မြန်မာနိုင်ငံ၏ ပထမဦးဆုံး Makro ရုံးခွဲကို ရန်ကုန်မြို့တွင် ထားရှိမှာဖြစ်ပြီး အာဆီယံကုန်သွယ်ရေးသဘောတူညီချက်၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုမြှင့်တင်ရေးမူဝါဒ၊ အဓိက နိုင်ငံခြားရင်းနှီးမြုပ်နှံမှုများကို ပိုမိုတိုးတက်လာအောင် အကျိုးပြုနိုင်မယ်လို့ Siriporn Dechsingha မှ ပြောသွားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးက အာရှနိုင်ငံများထဲမှာ တဖြေးဖြေးတိုးတက်လာနေပြီး ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ဘဏ်က ပြောကြားချက်အရ နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှု၊ ပြည်တွင်းရင်းနှီးမြုပ်နှံမှုများ အားလုံးပေါင်း (၆)ရာခိုင်နှုန်းခန့် ပိုမိုတိုးတက်လာနိုင်လာနိုင်တယ်လို့ သိရှိရပါတယ်။
Translate by Chu
Source: THE NATION (THAILAND)/ASIA NEWS NETWORK
ဘန္ေကာက္အေျခစိုက္ Makro ကုမၸဏီ၏ ပထမဦးဆုံး႐ုံးခဲြကို ရန္ကုန္ၿမဳိ ႔တြင္ ဖြင့္လွစ္မည္
အာဆီယံႏိုင္ငံမ်ား၏ ေရရွည္တည္တံ့ခိုင္ျမဲေသာ စီးပြားေရးဖြံ႔ျဖဳိးတိုးတက္မႈကို အေထာက္အကူျပဳေစရန္အတြက္ ဘန္ေကာက္အေျခစိုက္ ကုမၸဏီျဖစ္သည့္ Siam Makro Pcl (Makro) မွ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္ အသင္းခ်ဳပ္ (UMFCCI) ႏွင့္ ခ်ိတ္ဆက္ၿပီး ေဆြးေႏြးပဲြတစ္ခုကို ျပဳလုပ္က်င္းပခဲ့ပါတယ္။
"Business Networking with Makro" ဆိုတဲ့ ေခါင္းစဥ္ျဖင့္ စီးပြားေရးသမားမ်ားႏွင့္ ေဒသခံလက္လီအေရာင္းဆိုင္မ်ားအၾကား စီးပြားေရးကြန္ယက္ပိုမိုေကာင္းမြန္လာေစရန္ ေဆြးေႏြးခဲ့ျခင္းျဖစ္ပါတယ္။
အဆိုပါ ေဆြးေႏြးပဲြတြင္ Makro မွ အမႈေဆာင္အရာရွိမ်ားမွ သူတို႔၏ စီးပြားေရးအျမင္မ်ား၊ ေဒသခံမ်ားအတြက္ စားနပ္ရိကၡာဖူလုံေရးႏွင့္ ဆက္သြယ္ေရးပိုင္းဆိုင္ရာ အျမင္မ်ားကို ေဝမွ်ေပးသြားခဲ့ပါတယ္။
ဒါ့အျပင္ Makro ကုမၸဏီသည္ အစားအေသာက္ လက္လီလက္ကားေရာင္းတဲ့ ကုမၸဏီျဖစ္ျပီး ၂၀၂၀ ႏွစ္စပိုင္းတြင္ ရန္ကုန္ျမဳိ ႔မွာ ႐ုံးခဲြဖြင့္လွစ္ႏိုင္ေအာင္ ျပဳလုပ္သြားမယ္လို႔ သိရပါတယ္။
Read More >>>>> ျမန္မာၾကက္သြန္နီဝယ္ရန္ ဘဂၤလားေဒ့ရွ္အစိုးရက သတင္းအခ်က္အလက္ စုေဆာင္းေန
ျမန္မာႏိုင္ငံက အေရွ႕ေတာင္အာရွအတြင္းမွာ ကမ႓ာလွည့္ခရီးသြားမ်ားႏွင့္ ရင္းႏွီးျမဳပ္ႏွံသူမ်ားအတြက္ စိတ္ဝင္စားသည့္ ေနရာတစ္ခုျဖစ္ၿပီး ျမန္မာႏိုင္ငံရွိ အေသးစားႏွင့္ အလတ္စားစီးပြားေရး လုပ္ငန္းမ်ားအတြက္လည္း အခြင့္အလမ္းေကာင္းမ်ားကို ရရွိႏိုင္မွာပါလို႔ Makro မွ ဆက္သြယ္ဆိုင္ရာ အႀကီးအကဲတစ္ဦးျဖစ္သူ Siriporn Dechsingha မွာ ေျပာၾကားခဲ့ပါတယ္။
Makro ကုမၸဏီသည္လည္း ႏိုင္ငံရပ္ျခားေစ်းကြက္မ်ားကို ခ်ဲ ႔ထြင္လာၿပီး ျမန္မာႏိုင္ငံတြင္လည္း ႐ုံးခဲြဖြင့္ႏိုင္ရန္ ေစ်းကြက္သုေတသနႏွင့္ ေဒသခံစားသုံးသူမ်ား၏ အျပဳအမူမ်ားကို ေလ့လာမႈအရင္ျပဳလုပ္သြားရန္ စီစဥ္ထားပါတယ္။
လက္ရွိအခ်ိန္တြင္ Makro ကုမၸဏီသည္ ထိုင္းႏိုင္ငံတြင္ ႐ုံးခဲြေပါင္း (၁၃၃) ခု ဖြင့္လွစ္ထားၿပီး ျပည္ပ႐ုံးခဲြမ်ားအျဖစ္ ကေမ႓ာဒီးယားႏိုင္ငံတြင္ (၂) ခု၊ အိႏၵိယႏိုင္ငံတြင္ (၃) ခု ႏွင့္ တ႐ုတ္ႏိုင္ငံတြင္ (၁) ခု ဖြင့္လွစ္ထားပါတယ္။
ျမန္မာႏိုင္ငံ၏ ပထမဦးဆုံး Makro ႐ုံးခဲြကို ရန္ကုန္ျမဳိ ႔တြင္ ထားရွိမွာျဖစ္ၿပီး အာဆီယံကုန္သြယ္ေရးသေဘာတူညီခ်က္၊ ျမန္မာႏိုင္ငံ၏ ရင္းႏွီးျမဳပ္ႏွံမႈျမွင့္တင္ေရးမူဝါဒ၊ အဓိက ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈမ်ားကို ပိုမိုတိုးတက္လာေအာင္ အက်ဳိးျပဳႏိုင္မယ္လို႔ Siriporn Dechsingha မွ ေျပာသြားခဲ့ပါတယ္။
ျမန္မာႏိုင္ငံရဲ ႔ စီးပြားေရးက အာရွႏိုင္ငံမ်ားထဲမွာ တေျဖးေျဖးတိုးတက္လာေနၿပီး ၂၀၂၀-၂၀၂၁ ခုႏွစ္အတြက္ ကမ႓ာ့ဘဏ္က ေျပာၾကားခ်က္အရ ႏိုင္ငံ၏ ႏိုင္ငံျခားရင္းႏွီးျမဳပ္ႏွံမႈ၊ ျပည္တြင္းရင္းႏွီးျမဳပ္ႏွံမႈမ်ား အားလုံးေပါင္း (၆)ရာခိုင္ႏႈန္းခန္႔ ပိုမိုတိုးတက္လာႏိုင္လာႏိုင္တယ္လို႔ သိရွိရပါတယ္။
Translate by Chu
Source: THE NATION (THAILAND)/ASIA NEWS NETWORK