Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းဆန်များ စတင်တင်ပို့

 

Unicode

အခွန်ကင်းလွတ်ခွင့်ဖြင့်  မြန်မာ့ပြောင်းဆန်များ စတင်တင်ပို့


ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်းဆန်များကို ဖေဖော်ဝါရီ ၁ ရက်မှစ၍ တင်ပို့နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်း အသင်းမှ သိရပါတယ်။


ထိုင်းနိုင်ငံ၏ မူဝါဒအရ ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ်လကုန်ပိုင်းအထိ အခွန်ကင်းလွတ်ခွင့်ဖြင့်    ပြန်လည်တင်ပို့ခွင့်ပြုပြီး စက်တင်ဘာလမှ  ဇန်နဝါရီလကုန်အထိ ငါးလခန့် ဝယ်ယူမှု ရပ်ဆိုင်းလေ့ရှိကြောင်း သိရပါတယ်။


ယင်းသို့  ထိုင်းနိုင်ငံသို့  အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့နေသော်လည်း ထိုင်းဘတ်ဈေး ကျသဖြင့် အရောင်းအဝယ်အေးနေပြီး ထိုင်းနိုင်ငံမှ ပေးသည့်ဈေးနှင့် တောင်သူများ ကုန်ကျတဲ့ သယ်ယူစရိတ်၊ သွင်းအားစုစရိတ်၊  ကုန်ကျမှု စရိတ် ကွာဟမှုတို့ကြောင့်  တင်ပို့မှု နှေးနေခြင်းဖြစ်ကြောင်း သိရပါတယ်။


မြန်မာ့ပြောင်းဆန်များကို ထိုင်းနိုင်ငံသို့ တင်ပို့ရန်  ဇန်နဝါရီလမှစ၍  မြဝတီမြို့ရှိ  ဂိုဒေါင်များတွင် ထိုင်းကုန်သည်များက ကြိုတင်ဝယ်ယူ သိုလှောင်ထားခဲ့ကြောင်း သိရပါတယ်။

 

Read More >>>>>  စိမ်းလန်းစိုပြေမှာ ပြုလုပ်မယ့် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဈေးရောင်းပွဲတော်

 


လက်ရှိတွင် မြန်မာ့ပြောင်းဆန် ၁၅ Kg  လျှင် ၁၀၃ ဘတ်အထိ ဈေးရှိကြောင်း မြန်မာနိုင်ငံတွင်  တစ်နှစ်လျှင် ပြောင်းဆန်တန်ချိန်  ၁၁ သန်းခန့် ထွက်ရှိပြီး ထွက်ရှိမှု၏ ထက်ဝက်ခန့်ကို ပြည်တွင်းတွင်သာ သုံးစွဲကြောင်း သိရပါတယ်။


ပထမအကြိမ်အဖြစ် မြန်မာ့ပြောင်းဆန်များကို တစ်နှစ်ပတ်လုံး ဝယ်ယူရေး ထိုင်းနိုင်ငံနှင့် MoU လက်မှတ်ရေးထိုးရန် စီစဉ်ထားသော်လည်း   ထိုင်းနိုင်ငံရှိ ပြောင်းစိုက် တောင်သူများ၏ ကန့်ကွက်မှုများ ရှိနေသည့်အတွက် MoU လက်မှတ် ရေးထိုးနိုင်ခြင်း မရှိသေးကြောင်း သိရပါတယ်။

 

Bakeries (566)မုန္႔ဖုတ္လုပ္ငန္းမ်ား (၅၆၆) ခုကိုရွာရန္ႏွိပ္ပါ။


#MFID

 

 

အခြန္ကင္းလြတ္ခြင့္ျဖင့္  ျမန္မာ့ေျပာင္းဆန္မ်ား စတင္တင္ပို႔


ထိုင္းႏိုင္ငံသို႔ အခြန္ကင္းလြတ္ခြင့္ျဖင့္ ျမန္မာ့ေျပာင္းဆန္မ်ားကို ေဖေဖာ္၀ါရီ ၁ ရက္မွစ၍ တင္ပို႔ေနၿပီျဖစ္ေၾကာင္း ျမန္မာႏိုင္ငံ ေျပာင္းလုပ္ငန္း အသင္းမွ သိရပါတယ္။

 

ထိုင္းႏိုင္ငံ၏ မူ၀ါဒအရ ေဖေဖာ္၀ါရီ ၁ ရက္မွ ၾသဂုတ္လကုန္ပိုင္းအထိ အခြန္ကင္းလြတ္ခြင့္ျဖင့္    ျပန္လည္တင္ပို႔ခြင့္ျပဳၿပီး စက္တင္ဘာလမွ  ဇန္န၀ါရီလကုန္အထိ ငါးလခန္႔ ၀ယ္ယူမႈ ရပ္ဆိုင္းေလ့ရွိေၾကာင္း သိရပါတယ္။

 

ယင္းသို႔  ထိုင္းႏိုင္ငံသို႔  အခြန္ကင္းလြတ္ခြင့္ျဖင့္ တင္ပို႔ေနေသာ္လည္း ထိုင္းဘတ္ေစ်း က်သျဖင့္ အေရာင္းအ၀ယ္ေအးေနၿပီး ထိုင္းႏိုင္ငံမွ ေပးသည့္ေစ်းႏွင့္ ေတာင္သူမ်ား ကုန္က်တဲ့ သယ္ယူစရိတ္၊ သြင္းအားစုစရိတ္၊  ကုန္က်မႈ စရိတ္ ကြာဟမႈတို႔ေၾကာင့္  တင္ပို႔မႈ ေႏွးေနျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

ျမန္မာ့ေျပာင္းဆန္မ်ားကို ထိုင္းႏုိင္ငံသို႔ တင္ပို႔ရန္  ဇန္န၀ါရီလမွစ၍  ျမ၀တီၿမိဳ႕ရွိ  ဂိုေဒါင္မ်ားတြင္ ထိုင္းကုန္သည္မ်ားက ႀကိဳတင္၀ယ္ယူ သိုေလွာင္ထားခဲ့ေၾကာင္း သိရပါတယ္။

 

Read More >>>>>   စိမ္းလန္းစိုေျပမွာ ျပဳလုပ္မယ္႔ ျပည္ေထာင္စုေန႔အထိမ္းအမွတ္ ေစ်းေရာင္းပြဲေတာ္

 

လက္ရွိတြင္ ျမန္မာ့ေျပာင္းဆန္ ၁၅ Kg  လွ်င္ ၁၀၃ ဘတ္အထိ ေစ်းရွိေၾကာင္း ျမန္မာႏိုင္ငံတြင္  တစ္ႏွစ္လွ်င္ ေျပာင္းဆန္တန္ခ်ိန္  ၁၁ သန္းခန္႔ ထြက္ရွိၿပီး ထြက္ရွိမႈ၏ ထက္၀က္ခန္႔ကို ျပည္တြင္းတြင္သာ သံုးစြဲေၾကာင္း သိရပါတယ္။

 

ပထမအႀကိမ္အျဖစ္ ျမန္မာ့ေျပာင္းဆန္မ်ားကို တစ္ႏွစ္ပတ္လုံး ၀ယ္ယူေရး ထိုင္းႏိုင္ငံႏွင့္ MoU လက္မွတ္ေရးထိုးရန္ စီစဥ္ထားေသာ္လည္း   ထိုင္းႏိုင္ငံရွိ ေျပာင္းစိုက္ ေတာင္သူမ်ား၏ ကန္႔ကြက္မႈမ်ား ရွိေနသည့္အတြက္ MoU လက္မွတ္ ေရးထိုးႏိုင္ျခင္း မရွိေသးေၾကာင္း သိရပါတယ္။

 

Bakeries (566)မုန္႔ဖုတ္လုပ္ငန္းမ်ား (၅၆၆) ခုကိုရွာရန္ႏွိပ္ပါ။


#MFID

 

Read times Last modified on Saturday, 22 February 2020 09:25
Rate this item
(0 votes)