Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ဖိလစ်ပိုင်ရှိငုံးခြံတွင် H5N6 ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိ

Unicode >>>>>

ဖိလစ်ပိုင်ရှိငုံးခြံတွင် H5N6 ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိ


ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်း နူးဗာအစီဂျာပြည်နယ်ရှိ ငုံးမွေးမြူရေး ခြံတစ်ခြံ၌ H5N6 ကြက်ငှက်တုပ်ကွေး ရောဂါပိုးတွေ့ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုး မွေးမြူရေးဝန်ကြီး ဝီလီယမ်ဒါက မတ် ၁၆ ရက်တွင်ပြောကြားခဲ့ကြောင်း သိရပါတယ်။


Fish Gravy, Fish Paste Warehouses ငါးပိ၊ ငံပြာရည်ပွဲရုံ (၁၂၇) ခုကိုရှာရန်နှိပ်ပါ။


အဆိုပါ   ကြက်ငှက်တုပ်ကွေး ရောဂါပိုးသည် ၂ဝ၁၇   ခုနှစ်တွင်   ဒေသတွင်းရှိ မွေးမြူရေးခြံအချို့၌ဖြစ်ပွားသော ကြက်ငှက်တုပ်ကွေး ရောဂါပိုးနှင့်  အတူတူပင်ဖြစ်ပြီး ဂျာအန်းမြို့ရှိ ငုံးခြံမှတွေ့ရှိခြင်းဖြစ်ကာ ငုံးအကောင် ၁၅ဝဝ ခန့်သေဆုံးကြောင်း ဝီလီယမ်ဒါက ဆက်ပြောကြောင်း သိရပါတယ်။


ထို့ပြင်   နောက်ထပ် ကူးစက်မှုများကို ကာကွယ်ရန် ငုံးအကောင် ၁၂ဝဝဝ ကျော်ကို သုတ်သင်မြေမြှုပ်လိုက်ရကြောင်းနှင့် ကူးစက်မှုများ ထပ်မံမဖြစ်ပွားစေရန် ၁ ကီလိုမီတာမှ ၇ ကီလိုမီတာ ပတ်လည်ကို   စောင့်ကြပ်ကြည့်ရှုမှုများ ချက်ချင်း လုပ်ဆောင်မည်ဟု ၎င်းကဆိုပါတယ်။


Read More    >>>>>   ကျွဲနွားများ ရောင်းဝယ်ရေးတွင် အခက်အခဲများရှိလာ


ယင်းရောဂါပိုးဟာ အညစ်အကြေး စွန့်ထုတ်မှု၊   အရည်ထုတ်မှုတို့မှ တစ်ဆင့် လူများထံသို့ ကူးစက်နိုင်ခြေရှိသော်လည်း ကူးစက်နိုင်သည့် အခွင့်အရေးမှာ  နည်းပါးကြောင်း စိုက်ပျိုးမွေးမြူရေးဌာန၏ ကြက်ငှက်တုပ်ကွေး ရောဂါဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာအာလန်နီဗိုင်တီကိုက ပြောကြားခဲ့ကြောင်း သိရပါတယ်။


#MFID

 

 

Home Page Food

Zawgyi   >>>>>

 




 


 


 


 


 


 

#MFID

Read times Last modified on Monday, 23 March 2020 09:44
Rate this item
(0 votes)