Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


MYANFOOD MYANHOTEL's 2019 ကုန်စည်ပြပွဲကြီး

Unicode ဖြင့်ဖတ်ရန်

 

MYANFOOD MYANHOTEL's  2019 ကုန်စည်ပြပွဲကြီး

ကုမ္ပဏီပေါင်း ၂၀၀ ကျော်မှ နိုင်ငံတကာစားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းသုံး ပစ္စည်းများပါဝင်ပြသမည့် MYANFOOD 2019/ MYANHOTEL 2019 ကုန်စည်ပြပွဲကြီးနှစ်စဉ်ကျင်းပမြဲဖြစ်သော မြန်မာ့အကြီးဆုံး စားသောက်ကုန်နှင့် ဟိုတယ်လုပ်ငန်းပိုင်းဆိုင်ရာ ကုန်စည်ပြပွဲကြီးကို  ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ရန်ကုန်မြို ့၊ မင်းနန္ဒာလမ်းရှိ MYANMAR EXPO HALL@FORTUNE PLAZA တွင် ကျင်းပသွားမှာဖြစ်ပါတယ်။

 

ပြပွဲတွင် နိုင်ငံအသီးသီးမှ PAVILION ပေါင်း ၁၀ ခုရှိပြီး မလေးရှား၊ ထိုင်ဝမ်၊ စင်္ကာပူ၊ တရုတ်၊ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ အီတလီအစရှိသည့်နိုင်ငံမှ လာရောက်ပြသမည်ဖြစ်ကြောင်း သိရပါတယ်။

 

ကုန်စည်ပြပွဲတွင် စီစဉ်သူ AMB Tarsus Company နှင့်အတူ Myanmar Executive Chef Club နှင့် Myanmar Hospitality Professional Association, Food Science and Technology Association Myanmar (FoSTA Myanmar) တို့မှလည်း ပူးပေါင်း ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံပေါင်း ၂၀ ကျော်နှင့် ကုမ္ပဏီပေါင်း ၂၀၀ ကျော်တို့မှ ဝင်ရောက်ပြသသွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

Read More >>>>>  ဆေးဖက်ဝင်မုန်ညင်းစိမ်း အပင်ရှည်မျိုး စိုက်ပျိုးသူ နည်းပါးလာ

 

စိတ်လှုပ်ရှားဖွယ်အစီအစဉ်အနေဖြင့် ကျွမ်းကျင်သော စားဖိုမှူးများ၏ ဟင်းချက်စွမ်းရည်ပြိုင်ပွဲများ၊ နိုင်ငံတကာ အစားအသောက်ဆိုင်ရာ နောက်ဆုံးပေါ်ပစ္စ့ည်းများနှင့် များပြားလှသော ချက်ပြုတ်ရေး ကိရိယာ အထောက်အကူပြုပစ္စည်းများ၊ ဟိုတယ်နှင့် အစားအသောက်ပိုင်းဆိုင်ရာ ပစ္စည်းသစ်များအစရှိသည်တို့ကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

 

ထိုကုန်စည်ပြပွဲနှင့်အတူ ပူးတွဲကျင်းပမည့် FOODTEC 2019 EXPO တွင်လည်း စားသောက်ကုန်များ စနစ်တကျပြုလုပ်ခြင်း၊ ထုပ်ပိုးခြင်းစနစ်ဆိုင်ရာ ပစ္စည်းများကိုလည်း အဓိက ပြသသွားမှာဖြစ်ပါတယ်။

 

ယင်းအပြင်  MYANFUNITURE EXPO 2019 မြန်မာနိုင်ငံ ပရိဘောဂ ကုန်စည်ပြပွဲတွင်လည်း ဟိုတယ်ပိုင်းဆိုင်ရာ အဆင်တန်ဆာများ၊ စားသောက်ဆိုင်၊ ဟိုတယ်ရုံးနှင့် ရုံးခန်း အဆင်တန်ဆာများကိုလည်း ခင်းကျင်း ပြသသွားမှာဖြစ်ပါတယ်။

 

ထို့ အပြင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီ၊ Bakery များနှင့်သက်ဆိုင်သည့် ပြိုင်ပွဲများဖြစ်သော PASTRY CHALLENGE, FRUIT & VEGETABLE CARVING, ICE CARVING, LATTE ART နှင့််အတူ BED MAKING ပြိုင်ပွဲများလည်းပါဝင်ပါတယ်။

 

ပြိုင်ပွဲကို အဓိက စပွန်ဆာအဖြစ် RINNAI, HONEY HIVE CO., LTD. , APEX HOSPITALITY, WOOMOOL INTERNATIONAL CO., LTD., NATRON, SWEETY HOME, NATRAY HOSPITALITY, TA HAN INDUSTRIES, GRAND WYNN GROUP OF COMPANIES တို့က ပါဝင်ကူညီထားပါတယ်။

 

"MYSTERY BOX" CULINARY CHALLENGE ဟင်းချက်ပြိုင်ပွဲကြီးသည် အဓိက ပြိုင်ပွဲဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်သူများအနေနှင့် ပြိုင်ပွဲမတိုင်ခင် အချိန်တိုအတွင်း ချက်ပြုတ်ရမည့် ဟင်းအမည်များကို ဖန်တီးရမှာဖြစ်ပါတယ်။  တစ်ချိန်တည်းတွင် နိုင်ငံတကာ အစားအသောက်များ၏ အလှတန်ဆာဆင်ပုံ အခင်းအကျင်းများအပါအဝင် ကိတ်များ၏ အလှဆင်ပုံများ ခင်းကျင်းမှုများကိုလည်း တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

 

နိုင်ငံတကာ စားသောက်ကုန်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ ကုန်စည်ပြပွဲ (၂၀၁၉) ကို DIAMOND SPONSOR အဖြစ် GRAND WYNN GROUP OF COMPANIES, GOLDEN BROWN COFFEE CO., LTD တို့ ပါဝင်ပြီး GOLD SPONSOR အဖြစ် AROMA GOURMET CONCEPTS LIMITED, GOLD STAR GROUP CO., LTD., NTS MART, NATRON MYANMAR TRADING CO., LTD., တို့မှ ပါဝင်ပြသပြီး SILVER SPONSOR အဖြစ် HANVICO MYANMAR CO., TLD. WOOMOOL INTERNATIONAL LIMITED, TA HAN FOOD INDUSTRIAL CO., LTD., AT KOREA AGRO-FISHERIES & FOOD TRADE CORPORATION, SHWE PU ZUN CO., LTD စသည်တို့မှ အဓိက ပါဝင်ပြသထားပါတယ်။

 

ပဲမျိုးစုံသိုလှောင်ရုံများ (၅၀၅) ခုကိုရှာရန်နှိပ်ပါ။

 

MYANFOOD/ MYANHOTEL 2019 ပြပွဲကြီးကို AMB Tarsus Events Group မှ ကြီးမှူးကျင်းပပြီး Head Office မှာ မလေးရှားနိုင်ငံတွင်တည်ရှိပြီး ပြပွဲများကို မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ကမေ႓ာဒီးယား၊ လာအို၊ မလေးရှားနှင့် ဖိလစ်ပိုင်၊ သီရိလင်္ကာအစရှိသည့်နိုင်ငံများတွင်လည်း ပြပွဲများကို ကြီးမှူးကျင်းပလျက်ရှိပါတယ်။

 

အစားအသောက်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ အခြားသောပြပွဲများမှာ ကမေ႓ာဒီးယားနိုင်ငံတွင်  ANGKOR FOOD/HOTEL, CAMFOOD/CAMHOTEL နှင့် လာအိုနိုင်ငံတွင် LAOFOOD/ LAOHOTEL အစရှိသည့် ပြပွဲများကိုလည်း ကျင်းပလျက်ရှိကြောင်း သိရပါတယ်။

 

#MYANMAR FOOD INDUSTRIAL DIRECTORY

 

 

 

 


 


 


 


 

Read More >>>>>  ဆေးဖက်ဝင်မုန်ညင်းစိမ်း အပင်ရှည်မျိုး စိုက်ပျိုးသူ နည်းပါးလာ

 


 


 


 

ထို့ အပြင် ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကော်ဖီ၊ Bakery များနှင့်သက်ဆိုင်သည့် ပြိုင်ပွဲများဖြစ်သော PASTRY CHALLENGE, FRUIT & VEGETABLE CARVING, ICE CARVING, LATTE ART နှင့်အတူ BED MAKING ပြိုင်ပွဲများလည်းပါဝင်ပါတယ်။

 


 


 


 


 

MYANFOOD/ MYANHOTEL 2019 ပြပွဲကြီးကို AMB Tarsus Events Group မှ ကြီးမှူးကျင်းပပြီး Head Office မှာ မလေးရှားနိုင်ငံတွင်တည်ရှိပြီး ပြပွဲများကို မြန်မာနိုင်ငံအပြင် ဘင်္ဂလားဒေ့ရှ်၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှားနှင့် ဖိလစ်ပိုင်၊ သီရိလင်္ကာအစရှိသည့်နိုင်ငံများတွင်လည်း ပြပွဲများကို ကြီးမှူးကျင်းပလျက်ရှိပါတယ်။

 

အစားအသောက်နှင့် ဟိုတယ်ပိုင်းဆိုင်ရာ အခြားသောပြပွဲများမှာ ကမ္ဘောဒီးယားနိုင်ငံတွင်  ANGKOR FOOD/HOTEL, CAMFOOD/CAMHOTEL နှင့် လာအိုနိုင်ငံတွင် LAOFOOD/ LAOHOTEL အစရှိသည့် ပြပွဲများကိုလည်း ကျင်းပလျက်ရှိကြောင်း သိရပါတယ်။

 


 

 

 

Read times Last modified on Tuesday, 11 February 2020 11:42
Rate this item
(0 votes)