Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံတော်အတိုင်ပင်ခံ၏ တောင်ကိုရီးယားခရီးစဉ်အတွင်း ရေလုပ်ငန်းကဏ္ဍပူးပေါင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့

Unicode


နိုင်ငံတော်အတိုင်ပင်ခံ၏ တောင်ကိုရီးယားခရီးစဉ်အတွင်း ရေလုပ်ငန်းကဏ္ဍပူးပေါင်းရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့


နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဆန်မြို့တွင် နိုဝင်ဘာ (၂၆) ရက်က ပြုလုပ်သည့် မြန်မာ-ကိုရီးယား နှစ်နိုင်ငံတွေ့ဆုံပွဲနှင့် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ကိုရီးယားသမ္မတနိုင်ငံ၊ သမ္မတ မစ္စတာမွန်ဂျေအင်းနှင့်အတူ တက်ရောက်ကာ နှစ်နိုင်ငံ သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။


နှစ်နိုင်ငံအကြား “ရေလုပ်ငန်းကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”၊ “နည်းပညာနှင့် သက်မွေးဝမ်းကျောင်းပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ”နှင့် “ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍတွင် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ” များ ရေးထိုးခဲ့ကြောင်း သိရပါတယ်။

 

Read More >>>>>  ကုိရီးယားက ေထာက္ပံ့ေသာ အဆင့္ျမင့္ဆန္စက္စီမံကိန္းမွ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေပးေတာ့မည္


တောင်ကိုရီးယားသမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့ဆုံရာတွင် နိုင်ငံတော်အတိုင်ပင်ခံက နှစ်နိုင်ငံရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှု ဆက်လက်တိုးတက်ခိုင်မာစေရေး၊ မကြာသေးမီက မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည့် သမ္မတ မစ္စတာမွန်ဂျေအင်း၏ ခရီးစဉ်အတွင်း နှစ်နိုင်ငံအကြား သဘောတူခဲ့သောကိစ္စရပ်များ အကောင်အထည်ဖော်ရာတွင် တိုးတက်မှုအခြေအနေများ၊ ယဉ်ကျေးမှု၊ ပညာရေး၊ စိုက်ပျိုးရေး၊ ရေလုပ်ငန်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ အခြေခံအဆောက်ဦနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ အပါအဝင် အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရေး၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု ပိုမိုတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းပြီး ရင်းနှီးစွာ အမြင်ခြင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။


Source: Myanmar Harp Media

 

ႏိုင္ငံေတာ္အတုိင္ပင္ခံ၏ ေတာင္ကိုရီးယားခရီးစဥ္အတြင္း ေရလုပ္ငန္းက႑ပူးေပါင္းေရးဆုိင္ရာ နားလည္မႈစာခၽြန္လႊာ ေရးထုိးခဲ့

 

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္သည္ ဘူဆန္ၿမိဳ႕တြင္ ႏိုဝင္ဘာ (၂၆) ရက္က ျပဳလုပ္သည့္ ျမန္မာ-ကိုရီးယား ႏွစ္ႏိုင္ငံေတြ႕ဆုံပြဲႏွင့္ ႏွစ္ႏိုင္ငံနားလည္မႈစာခြၽန္လႊာ လက္မွတ္ေရးထိုးပြဲအခမ္းအနားသို႔ ကိုရီးယားသမၼတႏိုင္ငံ၊ သမၼတ မစၥတာမြန္ေဂ်အင္းႏွင့္အတူ တက္ေရာက္ကာ ႏွစ္ႏိုင္ငံ သေဘာတူစာခ်ဳပ္မ်ား ခ်ဳပ္ဆိုခဲ့ေၾကာင္း သိရပါတယ္။


ႏွစ္ႏိုင္ငံအၾကား “ေရလုပ္ငန္းက႑တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ”၊ “နည္းပညာႏွင့္ သက္ေမြးဝမ္းေက်ာင္းပညာက႑တြင္ ပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ”ႏွင့္ “ပတ္ဝန္းက်င္ထိန္းသိမ္းေရးက႑တြင္ ဘက္စုံပူးေပါင္းေဆာင္႐ြက္ေရးဆိုင္ရာ နားလည္မႈစာခြၽန္လႊာ” မ်ား ေရးထုိးခဲ့ေၾကာင္း သိရပါတယ္။

 

Read More >>>>>  ကုိရီးယားက ေထာက္ပံ့ေသာ အဆင့္ျမင့္ဆန္စက္စီမံကိန္းမွ ဝန္ေဆာင္မႈလုပ္ငန္းမ်ား ေပးေတာ့မည္


ေတာင္ကိုရီးယားသမၼတႏွင့္ ႏိုင္ငံေတာ္အတိုင္ပင္ခံတို႔ ေတြ႕ဆုံရာတြင္ ႏိုင္ငံေတာ္အတိုင္ပင္ခံက ႏွစ္ႏိုင္ငံရွိရင္းစြဲ ခ်စ္ၾကည္ရင္းႏွီးမႈ ဆက္လက္တိုးတက္ခိုင္မာေစေရး၊ မၾကာေသးမီက ျမန္မာႏိုင္ငံသို႔ လာေရာက္ခဲ့သည့္ သမၼတ မစၥတာမြန္ေဂ်အင္း၏ ခရီးစဥ္အတြင္း ႏွစ္ႏိုင္ငံအၾကား သေဘာတူခဲ့ေသာကိစၥရပ္မ်ား အေကာင္အထည္ေဖာ္ရာတြင္ တိုးတက္မႈအေျခအေနမ်ား၊ ယဥ္ေက်းမႈ၊ ပညာေရး၊ စိုက္ပ်ိဳးေရး၊ ေရလုပ္ငန္း၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး၊ အေျခခံအေဆာက္ဦႏွင့္ ေက်းလက္ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးက႑မ်ား အပါအဝင္ အက်ိဳးတူပူးေပါင္းေဆာင္႐ြက္မႈမ်ား တိုးျမႇင့္ေဆာင္႐ြက္သြားေရး၊ ျပည္သူအခ်င္းခ်င္း ထိေတြ႕ဆက္ဆံမႈ ပိုမိုတိုးတက္ေရးဆိုင္ရာ ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္းၿပီး ရင္းႏွီးစြာ အျမင္ျခင္းဖလွယ္ေဆြးေႏြးခဲ့ၾကေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။


Source: Myanmar Harp Media

Read times Last modified on Wednesday, 05 February 2020 15:23
Rate this item
(0 votes)