Food & Livestock

Wednesday, 25 January 2023 09:01
ပြီးခဲ့သည့် နှစ်မှစ၍ အိန္ဒိယနိုင်ငံသည် ပြည်တွင်းဆန်လိုအပ်မှု ပြည့်ဝစေရန်နှင့် ဈေးကွက်ပေါက်ဈေး မြင့်တက်မှုကို ထိန်းချုပ်ရန်အတွက် ဆန်ကွဲတင်ပို့မှုကို တားမြစ်ခြင်း၊ ဆန်အမျိုးမျိုး တင်ပို့မှုအပေါ် အကောက်ခွန် (၂၀) ရာခိုင်နှုန်း ချမှတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။    ထိုသို့ တင်းကျပ်လာမှုများကြောင့် ဆန်သွင်းကုန်ကို အလွန်အကျွံ မှီခိုနေရသည့် နီပေါဈေးကွက်တွင် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး ဆန်များကို လုံလောက် ပြည့်မီအောင် ထုတ်လုပ်ထားသော်လည်း နိုင်ငံတွင်း ဝယ်လိုအားများသောကြောင့် လုံလောက်မှု မရှိကြောင်း The Annapurna Express သတင်းဌာနက ဖော်ပြထားသည်။   ထို့ပြင် ပြည်တွင်း ကုန်ဈေးနှုန်းများသည်လည်း ယခင်နှစ်ကထက် (၃) ရာခိုင်နှုန်းနီးပါး သိသိသာသာ ထိုးတက်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလလယ်တွင် ဆန်အပါအဝင် သီးနှံထွက်ကုန်များ၏ ဈေးနှုန်းသည် (၉) ရာခိုင်နှုန်းထိ တစ်ရှိန်ထိုး တက်ခဲ့ကြောင်း သိရသည်။   အိန္ဒိယနိုင်ငံ၏ ကန့်သတ်ချက်များကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပထမငါးလအတွင်းတွင် ဆန်နှင့် သီးနှံထွက်ကုန်များ တင်သွင်းမှုသည် (၄၀.၂) ရာခိုင်နှုန်း ( ရူပီး ၂၀.၃၁ ဘီလီယံ ) အထိ သိသိသာသာ ကျဆင်းလာခဲ့ပြီး လက်ရှိ ဘဏ္ဍာနှစ်၏ ပထမလေးလအတွင်း ဆန်နှင့် စပါးတင်သွင်းမှုသည် (၄၉.၇) ရာခိုင်နှုန်း (ရူပီး ၆.၆၈ ဘီလီယံ ) အထိ ကျဆင်းသွားသည်။     နီပေါနိုင်ငံသားများအနေဖြင့် ဆန်တစ်မျိုးတည်းကိုသာ စားသုံးမည် ဆိုပါက ယခုဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်ပေါင်း ၅၅၀,၀၀၀ လိုအပ်မည် ဖြစ်ကာ အခြားသီးနှံ ထွက်ကုန်များကိုလည်း အဓိက အစားအစာအဖြစ် စားသုံးပါက နိုင်ငံအတွင်းစားနပ်ရိက္ခာ ပြတ်လပ်မှု မရှိနိုင်ကြောင်းကို စိုက်ပျိုးရေးဝန်ကြီးဌာန လက်အောက်ရှိ စိုက်ပျိုးရေး ခေတ်မီရေးအစီအစဉ် အကြီးတန်း စောင့်ကြည့် အကဲဖြတ်ရေးအရာရှိ Hikmat Kumar Shrestha က ပြောကြားခဲ့သည်။   လက်ရှိတွင် နိုင်ငံ့လူဦးရေအတွက် ဆန်အလုံအလောက် ထုတ်လုပ်ထားပြီး ပြည်ပနိုင်ငံများမှ တင်သွင်းမှုကို လျှော့ချခြင်းကြောင့် ယခုဘဏ္ဍာရေးနှစ်တွင် နိုင်ငံတစ်ဝန်း စပါးထွက်ရှိမှုသည် (၆.၉၄) ရာခိုင်နှုန်း ( တန်သန်းပေါင်း ၅.၄၈ ) အထိ မြင့်တက်လာပြီး မိုးရာသီနှင့် ခြောက်သွေ့ရာသီ နှစ်မျိုးလုံးအတွက် ဖူလုံနိုင်ကြောင်း ဆိုသည်။   သို့ရာတွင် နီပေါနိုင်ငံ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ အဆိုအရ စုစုပေါင်းဆန်ထွက်ရှိမှု၏ (၇၀) ရာခိုင်နှုန်းခန့်သည် နိုင်ငံအတွင်း စားသုံးရန်အတွက် မသင့်လျော်သည့် ဆန်ကြမ်းအမျိုးအစားများသာ ဖြစ်သည်။   နီပေါနိုင်ငံ၏ ဝင်ငွေတိုးမြင့်လာမှုနှင့် နေ့စဉ် စားသုံးမှုပုံစံ ပြောင်းလဲလာမှုကြောင့် ဒေသခံလူအများစုသည် ဆန်လုံးရှည်မျိုးများကို ပိုကြိုက်ကြသည့်အတွက် နိုင်ငံအနေဖြင့် လွန်ခဲ့သည့် ဆယ်စုနှစ်နှစ်ခုအတွင်း ဆန်လုံးရှည် သွင်းကုန်အပေါ် အမှီပြုလာရသည်။    Advertisement Click Here > Baho Pipe   လယ်သမားများက ဆန်လုံးရှည်ဆန် စိုက်ပျိုးရခြင်းသည် ဆန်ကြမ်းကဲ့သို့ အထွက်နှုန်း မကောင်းသောကြောင့် မစိုက်ပျိုးလိုပေ။ ထို့ကြောင့် အိန္ဒိယမှ ယင်းဆန်များကို ပိုမိုတင်သွင်းခဲ့ရပြီး ယခုကဲ့သို့ တင်းကျပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် နီပေါနိုင်ငံ အစိုးရမှ  မျိုးကောင်းမျိုးသန့် ဆန်လုံးရှည်ဆန် စိုက်ပျိုးရန် တိုက်တွန်း ဆောင်ရွက်မှုများ လုပ်ဆောင်လျက် ရှိကြောင်း Hikmat Kumar Shrestha က ပြောသည်။   Sunsari ခရိုင်၊ Duhabi တွင် ဆန်စက် တည်ထောင်ထားသည့် Buddha Air ပိုင်ရှင်ဖြစ်သူ Birendra Bahadur Basnet က လယ်သမားများအတွက် ဆန်လုံးရှည်ဆန် အစားထိုးစိုက်ပျိုးခြင်း မစတင်ခင် စပါးများကို အနိမ့်ဆုံးဈေးနှုန်းဖြင့် လာရောက်ဝယ်ယူပေးမည်ဟု ကတိပြုထားကြောင်း ဆိုသည်။          လယ်ယာထွက်ကုန်ပစ္စည်း အများစုကို အိန္ဒိယမှ တင်သွင်းပြီး ယခင်နှစ်က သွင်းကုန် အများအပြား တင်သွင်းခဲ့မှုကြောင့် နိုင်ငံတွင်း အရန်သိမ်းဆည်းထားသော နိုင်ငံခြားသုံးငွေများကို ထုတ်သုံးခဲ့ရသဖြင့် သီရိလင်္ကာအနေအထားသို့ ရောက်သွားနိုင်သည့်အတွက် စိုးရိမ်မှုများ မြင့်တက်လျက် ရှိကြောင်း လယ်ယာထွက်ကုန်ပစ္စည်းများ တင်ပို့မှုနှင့် တင်သွင်းမှု အဆင့်အတန်း လေ့လာမှုစာစောင်တစ်ခုတွင် ဖော်ပြထားသည်။   အိန္ဒိယမှ ဆန်တင်ပို့မှုဆိုင်ရာ ကန့်သတ်ချက်များ ချမှတ်ချလိုက်ခြင်းသည် တစ်ဖက်မှကြည့်လျှင် ပြည်တွင်းထုတ်ကုန်များနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန် အခွင့်အလမ်းတစ်ခုအဖြစ် ယူဆနိုင်ပြီး ရရှိလာသည့် အခွင့်အရေးကို အကျိုးရှိရှိ အသုံးချသင့်ကြောင်းကို နီပေါနိုင်ငံ Rastra ဘဏ်၏ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။   Su Mon Oo Source : The Annapurna Express

Tuesday, 24 January 2023 10:47
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ပဲစျေးကွက်အတွင်းသို့ ပဲတီစိမ်းအသစ်များ စတင်ဝင်ရောက်လျက်ရှိရာ ပေါ်ဦးပေါ်ဖျား

Monday, 23 January 2023 14:03
ဆီအုန်းများ စိုက်ရန်မလိုသည့် စားအုန်းဆီအစားထိုး ဆီတစ်မျိုးကို တဆေးမှ ထုတ်လုပ်နိုင်ခဲ့ကြောင်း Shara Ticku နှင့် အဖွဲ့မှ

Thursday, 19 January 2023 11:01
ထိုင်းနိုင်ငံမြောက်ပိုင်း ကာလဆင်ပြည်နယ်ရှိ လယ်သမားတစ်ဦးသည် “ Big Billion “ ဟု ခေါ်သည့် ရေကျွဲတစ်ကောင်၏ သုတ်ရည်များကို ရောင်းချခြင်းဖြင့် လစဉ်လတိုင်း ထိုင်းဘတ်ငွေ (၁) သန်း မြန်မာငွေအားဖြင့် သိန်း (၆၀၀) ကျော် ရရှိနေကြောင်း သိရသည်။   အဆိုပါကျွဲကို Kham Bong ပြည်နယ် မြို့တော်ဝန်ဖြစ်သည့် Mongkol Mongphet က မွေးမြူထားခြင်း ဖြစ်ပြီး Mongkol က အဆိုပါ ဘီလီယံနှင့် ချီသည့် “ Big Billion “ ၏ သုက်ရည်အား ရောင်းချခြင်းဖြင့် ဝင်ငွေများစွာ ရရှိနေသော်လည်း ၎င်းသည် လက်ရှိတွင် လယ်ယာလုပ်ကိုင်နေသည့် တိရစ္ဆာန်တစ်ကောင်လည်း ဖြစ်ကြောင်း ပြောသည်။   ရေကျွဲ ( ထိုင်းအခေါ် Kwai ) မွေးမြူရေး လုပ်ကိုင်သူများသည် ဘတ် (၃၀) တန် “ Big Billion “ ၏ သုတ်ရည်ကို နိုင်ငံတစ်ဝှမ်း ဈေးအမြောက်အမြား ပေး၍ ဝယ်ယူနေကြသည်။ ထိုသို့ ဝယ်ယူကြခြင်းမှာ  “ Big Billion “ ၏ သုတ်ရည်နှင့် ကျွဲမများတွင် မျိုးပွားပြီး ဖခင်ကဲ့သို့ လှပပြီး သန်းနှင့်ချီတန်သည့် ကျွဲမျိုးဆက်သစ် မွေးမြူ ထုတ်လုပ်နိုင်ရန်အတွက် ဖြစ်သည်။   “ Big Billion “ သည် အရည်အချင်းများစွာ ရှိသော တိရစ္ဆာန်တစ်ကောင် ဖြစ်သည်။ Mongkol က ၎င်းကို ကုန်ကျစရိတ်မရှိသည့် 'ထွန်စက်' ဟု ခိုင်းနှိုင်းပြီး ၎င်း၏ အညစ်အကြေးများကို မြေဩဇာအဖြစ် အသုံးချနိုင်ကြောင်း ပြောသည်။ ဈေးကြီးပြီး ကျန်းမာရေးနှင့် မညီညွတ်သော ဓာတုပစ္စည်းများအစား စပါးနှင့် သီးနှံများကို အာဟာရဖြစ်စေသော မြေသြဇာအဖြစ် ယင်းအညစ်အကြေးကို အသုံးပြုနိုင်သည်ဟု ဆိုသည်။   သို့ရာတွင် ထိုင်းနိုင်ငံတွင် ကျွဲများကို လယ်ယာလုပ်ငန်းတွင် အသုံးပြုလေ့ မရှိဘဲ ၎င်းတို့၏ လှပမှုနှင့် ကြံ့ခိုင်မှုအတွက် မွေးမြူကြပြီး ထိုင်းနိုင်ငံ၏ ကျွဲပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်စေသည်။ ကျွဲပွဲတော်များတွင် အနိုင်ရသော ကျွဲများကို ဘတ်သန်းပေါင်းများစွာဖြင့် လေလံတင် ရောင်းချကြသည်။   Asia Pacific Inspection Agency   ကျွဲပိုင်ရှင်ဖြစ်သူ Mongkol က ၎င်းမိသားစုသည် ကျွဲကို မျိုးဆက်ပေါင်းများစွာ မွေးမြူထားသည်ဟု ဆိုသည်။ မွေးဖွားလာစဉ်ကတည်းက Mongkol သည် မိသားစုအလုပ်အတွက် ကျွဲများကို မွေးမြူခဲ့ပြီး သားသမီးများအား ကျောင်းပို့နိုင်ရန် ပိုက်ဆံရှာရာတွင် ကျွဲများကို ရောင်းစားခဲ့ကြောင်း ပြောသည်။   Mongkol ၏ အဆိုအရ ထိုင်းနိုင်ငံမှ ရွာသားအများစုသည် ကျွဲများထက် ပိုမို မြန်ဆန်သည့် လယ်ထွန်စက်များကို အသုံးပြုလာကြပြီး ကျွဲများမှ ရရှိသည့် အညစ်အကြေး မြေဩဇာထက် ဓာတုမကင်းလွတ်သည့် ဓာတ်မြေဩဇာများကို ရွေးချယ် အသုံးပြုကြသောကြောင့် ထိုင်းလူ့အဖွဲ့အစည်းတွင် ကျွဲများ၏ အခန်းကဏ္ဍသည် ကျဆင်းလာနေကြောင်း သိရသည်။   မိသားစု အစဉ်အဆက် ကျွဲများဖြင့် အသက်မွေးဝမ်းကြောင်း ပြုလာသဖြင့် ၎င်းတို့နှင့် ရင်းနှီးစွာ နေထိုင်ကြောင်းနှင့် ကျွဲများသည် ယဉ်ပါးသော တိရစ္ဆာန်များဖြစ်ကာ မွေးမြူရ လွယ်ကူပြီး နွားများထက် ရောဂါဒဏ် ပိုခံနိုင်သည်ဟု Mongkol က ဆိုသည်။   လက်ရှိတွင် မွေးမြူထားသည့် ကျွဲကောင်ရေ (၂၀) ကျော် ရှိသော်လည်း “ Big Billion “ သည် အကောင်းဆုံးသော ကျွဲတစ်ကောင်ဖြစ်ကာ ယင်းအား လွန်ခဲ့သည့် (၆) နှစ်ခန့်က ကျွဲပြိုင်ပွဲတစ်ခုမှ ဘတ် (၅) သိန်းဖြင့် ဝယ်ယူ မွေးမြူခဲ့ခြင်း ဖြစ်သည်။ ကျွဲပြိုင်ပွဲတွင် လေလံတင် ရောင်းချသည့် ကျွဲများသည် ပုံမှန်အားဖြင့် ဘတ် (၄) သောင်းမှ (၅) သောင်းကြားသာ ရှိသည်။   ပြည်နယ်အဆင့် ကျွဲအလှပြိုင်ပွဲများတွင် Big Billion က အကြိမ်ကြိမ် အနိုင်ရရှိပြီးနောက်တွင် ၎င်းအား ဝယ်ယူလိုသူ များပြားလာခဲ့သည်။ Big Billion ကို ဝယ်ယူရန် ဘတ်ငွေ သန်း (၃၀) ထိ ကမ်းလှမ်းခဲ့သော်လည်း Mongkol က ကမ်းလှမ်းမှုကို ငြင်းဆိုခဲ့သည်။    ထို့ကြောင့် နိုင်ငံတစ်ဝှမ်းရှိ မွေးမြူရေးသမားများသည် လစဉ် ဘတ်ငွေ (၁) သန်း ထုတ်ပေးနိုင်သည့် Big Billion ၏ သုက်ရည်ကို ဝယ်ယူလိုခြင်း ဖြစ်သည်။ ကာလဆင်ပြည်နယ် တစ်ဝိုက်တွင် ကျွဲမွေးမြူသူ (၃၅၀) ခန့် ရှိပြီး အချိန်ကာလ အတော်ကြာ ကျွဲမွေးမြူရေး ဈေးကွက် ပျက်နေရာမှ ယခုအချိန်တွင် လူအများ ပြန်လည် စိတ်ဝင်စားလာကြကြောင်း သိရသည်။   Astir Power Co., Ltd.    ပြည်နယ်အတွင်းမှ Big Billion ၏ သုတ်ရည်ကို ဝယ်ယူခဲ့သည့် လယ်သမားတစ်ဦးဖြစ်သော အသက် ၃၆ နှစ်အရွယ် Prompong Pimphao က သားသတ်ရုံမှ ဘတ် ၂၀,၀၀၀ ဖြင့် Boonrod အမည်ရှိ ကျွဲမတစ်ကောင် ဝယ်ယူခဲ့ပြီး Big Billion ၏ သုတ်ရည်ဖြင့် ပေါင်းစပ် မျိုးပွားခဲ့ကြောင်း ဆိုသည်။   ထိုသို့ မျိုးစပ်ပြီးနောက် ကိုယ်ဝန်ဆောင်ချိန် ကာလအတွင်း Boonrad ၏ အသားအရေသည် ချောမွေ့ လှပလာပြီး ၎င်းအား ဘတ် (၂) သိန်းဖြင့် ဝယ်ယူလိုသူပင် ရှိခဲ့ကြောင်း Prompong က ပြောသည်။ Boonrad မှ Petch Puthai အမည်ရှိ ကျွဲထီးတစ်ကောင်ကို ဖွားမြင်ခဲ့ပြီး Big Billion အတိုင်း သန်မာ လှပကြောင်း သိရသည်။   ထိုအချိန်တွင် Boonrad နှင့် Petch Puthai အား ဝယ်ယူရန် တခြားလယ်သမားတစ်ဦးက ဘတ် (၅) သိန်းဖြင့် ထပ်မံ ကမ်းလှမ်းခဲ့သော်လည်း ပိုင်ရှင်ဖြစ်သည့် Prompong က မရောင်းပဲ Big Billion ကဲ့သို့ တန်ဖိုးရှိသည့် ကျွဲတစ်ကောင် ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ကိုယ်တိုင် မွေးမြူခဲ့သည်။   Big Billion ၏ သုတ်ရည်ကို ရောင်းချပြီး ပိုင်ရှင် Mongkol က လစဉ် ဘတ် (၁) သန်း ရရှိသည် နည်းတူ ၎င်းကျွဲကို မျိုးစပ်၍ မွေးဖွား အောင်မြင်လာသည့် ကျွဲများသည်လည်း နောင်တွင် တန်ဖိုးကြီးလာကာ ပိုင်ရှင်လယ်သမားများအနေဖြင့် ဝင်ငွေများစွာ ရရှိနိုင်သည်ဟု တွက်ဆနိုင်သည်။   ပြီးခဲ့သည့်နှစ် မတ်လတွင်လည်း ရှားပါးလှသည့် ကျွဲတစ်ကောင်ကို ဘတ်ငွေ (၂.၅) သန်းဖြင့် (၁၀) ကြိမ်မြောက် ထိုင်းနိုင်ငံ ကျွဲအလှပြိုင်ပွဲမှ လေလံတင် ရောင်းချခဲ့သေးကြောင်း သိရသည်။   Su Mon Oo Source: https://thethaiger.com/

Wednesday, 18 January 2023 14:11
ယခုကာလသည် ကြံခုတ်သိမ်းချိန်ရာသီဖြစ်၍ ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်ရှိ ဘန်းပြင်းကျေးရွာ၊

Tuesday, 17 January 2023 10:59
ဖျာပုံခရိုင်မှ ရန်ကုန်မြို့ ဆန်စျေးကွက်များသို့ ဇန်နဝါရီလ ဒုတိယပတ်မှစ၍ တစ်နေ့လျှင် ဆန်အိတ်ရေ ၄၀,၀၀၀ ထိ တင်ပို့

Friday, 13 January 2023 08:17
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း FAO ထုတ်ပြန်

Thursday, 12 January 2023 13:05
မောင်တောကုန်သွယ်ရေးစခန်းသည် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းနှင့် ရေထွက်ပစ္စည်းများအား

Monday, 09 January 2023 13:01
အင်ဒိုနီးရှားနိုင်ငံသည် ပြည်တွင်းစားအုန်းဆီဖူလုံမှုရှိစေရန် ဆောင်ရွက်ချက်အနေဖြင့် ပြည်တွင်းရောင်းချသော