Food & Livestock

Monday, 10 April 2023 14:04
ဗီယက်နမ် သုံးလတာတွင် ဆန်တန်ချိန် ၁.၇ သန်း တင်ပို့ခဲ့

Sunday, 09 April 2023 17:42
ယူကရိန်းဂျုံ တင်သွင်းမှုအပေါ်  ရိုမေးနီးယားလယ်သမားများ ကန့်ကွက်ဆန္ဒပြ

Sunday, 09 April 2023 17:36
အင်ဒိုနီးရှား ဆန်တန်ချိန် နှစ်သန်း ယခုနှစ်မကုန်ခင် တင်သွင်းမည် 

Sunday, 09 April 2023 09:57
ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်းအညွှန်းကိန်း ၁၂ လမြောက် ဆက်လက်ကျဆင်း

Thursday, 30 March 2023 11:24
မန္တလေးတိုင်း၊ ပြင်ဦးလွင်၏ ဒေသထွက်ကုန်တစ်ခုဖြစ်သော စတော်ဘယ်ရီသည် ယခုနှစ် ဇန်နဝါရီလလယ်မှ စတင်၍ အရောင်းအဝယ် ဖြစ်ခဲ့ပြီး လက်ရှိ လှိုင်လှိုင်ပေါ်နေသည့်အချိန်တွင် ရောင်းအားအကောင်းဆုံးဖြင့် အကျိုးအမြတ် ရရှိနေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။   စျေးနှုန်းအနေဖြင့် စတော်ဘယ်ရီသီး စတင် ထွက်ပေါ်ချိန်တွင်...   စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၅,၀၀၀) ကျပ်၊  စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၁၃,၀၀၀) ကျပ်၊  စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်ခဲ့သည်။   ယခုကဲ့သို့ လှိုင်လှိုင်ပေါ်ချိန်တွင် စတော်ဘယ်ရီ ဈေးနှုန်းများ အနည်းငယ် ကျဆင်းလာပြီး...   စတော်ဘယ်ရီ ချိုမွှေးသီး (၁) ပိဿာလျှင် (၁၂,၀၀၀) ကျပ်၊  စတော်ဘယ်ရီ ရိုးရိုးအကျွတ်သီး (၁) ပိဿာလျှင် (၇,၀၀၀) ကျပ်၊  စတော်ဘယ်ရီ ဖျော်ရည်သီး (ဒေသမျိုး) (၁) ပိဿာလျှင် (၆,၅၀၀) ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက် ရှိသည်။    Advertisement Click Here > King Metal   ပြင်ဦးလွင်မြို့နှင့် အနီးတဝိုက် ကျေးရွာများမှ ထွက်ရှိသည့် စတော်ဘယ်ရီများကို အဓိကဈေးကွက်အနေဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များသို့ တင်ပို့ ရောင်းချကာ တခြားနယ်များသို့လည်း တင်ပို့လျက် ရှိသည်။   စတော်ဘယ်ရီ သီးနှံသည် နှစ်စဉ် ရောင်းအားကောင်းပြီး စိုက်ပျိုးသူများအနေဖြင့် အကျိုးအမြတ်များစွာ ရရှိကြသဖြင့် ယခင် ၂၀၂၂ ခုနှစ်၌ စတော်ဘယ်ရီသီးနှံ (၂၀၀) ဧက စိုက်ပျိုးခဲ့ရာမှ ယခုနှစ် ၂၀၂၃ ခုနှစ်တွင် (၂၃၁) ဧကသို့ ပိုမို တိုးချဲ့၍ စိုက်ပျိုးခဲ့ကြသည်။   စတော်ဘယ်ရီ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်အနေဖြင့် စတော်ဘယ်ရီခင်း (၁) ဧကလျှင် ၂၅-၃၀ ကျပ်သိန်းခန့် ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် ၁၅-၂၀ ကျပ်သိန်း ရရှိကြသည်ဟု သိရသည်။   ယခုနှစ်တွင် သွင်းအားစုနှင့် အလုပ်သမားစရိတ်များသည် နှစ်ဆကျော် ကုန်ကျသော်လည်း တောင်သူအများစုမှာ မိရိုးဖလာ အစဉ်အဆက် ဆက်လက် စိုက်ပျိုးကြခြင်း ဖြစ်ကာ စတော်ဘယ်ရီ စိုက်ပျိုးချိန်သည် စတင်စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ (၇) လကျော် ကြာမြင့်သည်။    Source : MOC

Sunday, 26 March 2023 17:20
အင်ဒိုနီးရှားအစိုးရ သကြားတန်ချိန် ၂၁၅,၀၀၀ တင်သွင်းမည်

Tuesday, 14 March 2023 18:02
 ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွက် စားနပ်ရိက္ခာဈေးနှုန်းညွှန်းကိန်း FAO သတင်းထုတ်ပြန်ချက်

Tuesday, 14 March 2023 11:13
မြန်မာနိုင်ငံတွင် စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါနှင့် ကြံတို့အား အဓိက သီးနှံများအနေဖြင့် စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံး ဖြစ်ကာ တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်း ထွက်ရှိမှု၏  (၃၃) ရာခိုင်နှုန်းကို ၎င်းစိုက်ပျိုးခြင်းမှ ရရှိသည်။    နိုင်ငံ စိုက်ပျိုးမြေ ဧရိယာစုစုပေါင်း၏ (၂၀) ရာခိုင်နှုန်းခန့်ကို ပဲမျိုးစုံ စိုက်ပျိုးရေးက နေရာယူထားပြီး ၎င်းအနက် ပဲမျိုးစုံ စိုက်ဧက၏ (၇၂) ရာခိုင်နှုန်းသည် အဓိကအားဖြင့် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံ ဖြစ်ကာ ပဲလွန်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် အခြားပဲများကိုလည်း စိုက်ပျိုးကြသည်။    မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်း အဓိက ပို့ကုန်တစ်ခုအဖြစ် ပါဝင်နေသည်။ မြန်မာနိုင်ငံမှ ပြည်ပသို့ ပဲမျိုးစုံ တင်ပို့မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စာရင်းများအရ…   ပင်လယ်ရေကြောင်းမှ ၁,၂၄၂,၇၇၅.၂၃၁ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၉၆၆.၄၀၇ သန်း နယ်စပ်မှ ၇၈၆,၉၂၀.၆၅၁ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၆၀၄.၃၀၀ သန်း စုစုပေါင်း တန်ချိန် ၂,၀၂၉,၆၉၅.၈၈၂ တန်နှင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၅၇၀.၇၀၇ သန်း တင်ပို့နိုင်ခဲ့ပြီး    ယခု ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ကာလအတွင်း ( ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၃) ရက်နေ့အထိ )   ပင်လယ်ရေကြောင်းမှ ၁,၄၂၈,၈၆၉.၂၀၅ တန်နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၁၀၉.၁၁၁ သန်း  နယ်စပ်မှ ၂၃၃,၄၈၃.၉၇၆ တန်နှင့် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၆၈.၉၈၉ သန်း စုစုပေါင်း တန်ချိန် ၁,၆၆၂,၃၅၃.၁၈၁ တန်နှင့် စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၂၇၈.၁၀၀ သန်း တင်ပို့ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။   Advertisement Click Here > Golden Myanmar   ယခင်ဘဏ္ဍာနှစ်နှင့် နှိုင်းယှဉ်လျှင် ပင်လယ်ရေကြောင်းမှ တင်ပို့မှုသည် ၁၈၆,၀၉၄ တန် နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၃ သန်း ခန့် မြင့်တက်လာပြီး နယ်စပ်မှ တင်ပို့မှုသည် ၅၅၃,၄၃၆ တန် နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၅ သန်း ခန့် လျော့ကျသွားသည်။   စုစုပေါင်းအနေဖြင့် တန်ချိန် ၃၆၇,၃၄၃ တန် နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၉၃ သန်း ထိ လျော့ကျလာခဲ့ခြင်း ဖြစ်သည်။   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပဲအမျိုးအစားအလိုက် ပြည်ပတင်ပို့နိုင်မှု အခြေအနေကို အောက်ပါဇယားတွင် အသေးစိတ် ကြည့်ရှုနိုင်သည်။   အဓိကအားဖြင့် မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစဉ်းငုံ တင်ပို့မှု အများဆုံးဖြစ်ကာ မတ်ပဲသည် ပင်လယ်ရေကြောင်းမှ ၅၉၉,၃၂၁.၈၀၉ တန်နှင့် ဒေါ်လာ ၄၉၀.၅၈၈ သန်း၊ နယ်စပ်မှ ၉,၃၅၂.၀၁၀ တန်နှင့် ဒေါ်လာ ၈.၉၀၃ သန်း၊ စုစုပေါင်း တန်ချိန် ၆၀၈,၆၇၃.၈၁၉ တန်နှင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၄၉၉.၄၉၁ သန်း ရရှိထားသည်။   ပဲတီစိမ်းသည် ပင်လယ်ရေကြောင်းမှ ၄၃၂,၇၄၂.၁၆၁ တန်နှင့် ဒေါ်လာ ၃၁၅.၆၁၆ သန်း၊ နယ်စပ်မှ ၁၃၈,၈၃၄.၄၆၅ တန်နှင့် ဒေါ်လာ ၉၃.၁၆၀ သန်း၊ စုစုပေါင်း တန်ချိန် ၅၇၁,၅၇၆.၆၂၆ တန်နှင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၄၀၈.၇၇၆ သန်း တင်ပို့ ရရှိထားသည်။   ပဲစဉ်းငုံသည် ပင်လယ်ရေကြောင်းမှ ၂၀၂,၀၉၄.၈၅၀ တန်နှင့် ဒေါ်လာ ၁၅၇.၅၇၈ သန်း၊ နယ်စပ်မှ ၄၆၂.၅၀၀ တန်နှင့် ဒေါ်လာ ၀.၃၃၁ သန်း၊ စုစုပေါင်း တန်ချိန် ၂၀၂,၅၅၇.၃၅၀ တန်နှင့် စုစုပေါင်းတန်ဖိုး ဒေါ်လာ ၁၅၇.၉၀၉ သန်း တင်ပို့ ရရှိထားသည်။         အမေရိကန်ဒေါ်လာသန်း ကီလို-ထောင်ပေါင်း စဉ် အကြောင်းအရာ ရေတွက် ပုံ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် (၃-၃-၂၀၂၃) ထိ ပင်လယ် ရေကြောင်း နယ်စပ် ‌​​ပေါင်း           ၁ မတ်ပဲ US$ ၄၉၀.၅၈၈ ၈.၉၀၃ ၄၉၉.၄၉၁ ကီလို ၅၉၉,၃၂၁.၈၀၉ ၉,၃၅၂.၀၁၀ ၆၀၈,၆၇၃.၈၁၉ ၂ ပဲတီစိမ်း US$ ၃၁၅.၆၁၆ ၉၃.၁၆၀ ၄၀၈.၇၇၆ ကီလို ၄၃၂,၇၄၂.၁၆၁ ၁၃၈,၈၃၄.၄၆၅ ၅၇၁,၅၇၆.၆၂၆ ၃ ပဲတီစိမ်း US$       ကီလို ၄ ပဲစဉ်းငုံ US$ ၁၅၇.၅၇၈ ၀.၃၃၁ ၁၅၇.၉၀၉ ကီလို ၂၀၂,၀၉၄.၈၅၀ ၄၆၂.၅၀၀ ၂၀၂,၅၅၇.၃၅၀ ၅ ကုလားပဲ US$ ၁၂.၈၀၇ ၀.၀၂၇ ၁၂.၈၃၄ ကီလို ၁၈,၂၈၅.၂၅၆ ၄၃.၀၀၀ ၁၈,၃၂၈.၂၅၆ ၆ ပဲလွန်းဖြူ US$ ၂၇.၄၉၀ ၃.၃၁၄ ၃၀.၈၀၄ ကီလို ၄၀,၈၉၇.၂၁၅ ၆,၆၉၇.၃၅၃ ၄၇,၅၉၄.၅၆၈ ၇ မြေထောက်ပဲ US$ ၃၀.၈၂၆ ၁၂.၂၀၀ ၄၃.၀၂၆ ကီလို ၃၇,၅၈၅.၈၅၉ ၁၆,၂၃၃.၄၆၀ ၅၃,၈၁၉.၃၁၉ ၈ ထောပတ်ပဲ US$ ၁၈.၄၅၅ ၄.၅၃၀ ၂၂.၉၈၅ ကီလို ၂၁,၉၂၁.၄၇၂ ၇,၅၁၈.၆၅၇ ၂၉,၄၄၀.၁၂၉ ၉ ပဲယင်း US$ ၃၁.၅၉၁ ၁၄.၁၅၉ ၄၅.၇၅၀ ကီလို ၄၃,၀၀၇.၄၅၉ ၂၁,၅၀၉.၁၄၉ ၆၄,၅၁၆.၆၀၈ ၁၀ ပဲကြီး US$ ၃.၂၁၈ ၁.၃၆၀ ၄.၅၇၈ ကီလို ၄,၄၅၅.၄၅၆ ၂,၄၀၂.၄၂၀ ၆,၈၅၇.၈၇၆ ၁၁ ပဲကတ္တီပါ(စွန်တာနီ) US$ ၂.၉၄၄ ၂.၉၄၄ ကီလို ၄,၅၂၇.၁၃၅ ၄,၅၂၇.၁၃၅ ၁၂ စွန်တာပြာ US$ ၀.၆၇၉ ၀.၀၀၀ ၀.၆၇၉ ကီလို ၁,၀၅၇.၇၀၀ ၀.၀၀၀ ၁,၀၅၇.၇၀၀ ၁၃ ပဲကတ္တီပါ(စွန်တာနီ/ပြာ) US$ ၁.၃၀၁ ၁.၃၀၁ ကီလို ၂,၂၈၂.၅၃၀ ၂,၂၈၂.၅၃၀ ၁၄ ပဲဖြူလေး US$ ၀.၁၈၂ ၀.၀၀၀ ၀.၁၈၂ ကီလို ၂၅၆.၆၈၅ ၀.၀၀၀ ၂၅၆.၆၈၅ ၁၅ ဘိုကိတ်ပဲ US$ ၁၄.၀၅၄ ၀.၀၀၀ ၁၄.၀၅၄ ကီလို ၁၉,၂၄၄.၃၄၇ ၀.၀၀၀ ၁၉,၂၄၄.၃၄၇ ၁၆ ပဲပုတ်စေ့ US$ ၀.၁၂၃ ၀.၀၀၀ ၀.၁၂၃ ကီလို ၁၃၅.၅၁၀ ၀.၀၀၀ ၁၃၅.၅၁၀ ၁၇ ပဲနီကြား US$ ၂.၁၄၄ ၂.၁၄၄ ကီလို ၅,၂၄၄.၈၀၂ ၅,၂၄၄.၈၀၂ ၁၈ နိုင်လွန်ပဲ US$ ၀.၆၈၁ ၀.၆၈၁ ကီလို ၉၃၀.၈၇၀ ၉၃၀.၈၇၀ ၁၉ မြေပဲ(အခွံပါ) US$ ကီလို ၂၀ မြေပဲဆံ US$ ၂.၄၀၁ ၂၆.၇၉၂ ၂၉.၁၉၃ ကီလို ၂,၃၇၂.၂၄၀ ၂၁,၈၇၀.၇၆၀ ၂,၄၂၄၃.၀၀၀ ၂၁ အခြားပဲ US$ ၀.၅၅၉ ၀.၀၈၇ ၀.၆၄၆ ကီလို ၉၆၄.၀၅၁ ၁၀၂.၀၀၀ ၁,၀၆၆.၀၅၁ ပဲတင်ပို့မှုစုစုပေါင်း US$ ၁,၁၀၉.၁၁၁ ၁၆၈.၉၈၉ ၁,၂၇၈.၁၀၀ ကီလို ၁,၄၂၈,၈၆၉.၂၀၅ ၂၃၃,၄၈၃.၉၇၆ ၁,၆၆၂,၃၅၃.၁၈၁   Su Mon Oo Source : MOC  

Wednesday, 08 March 2023 14:35
မလေးရှားနိုင်ငံ၏ စားအုန်းဆီ လိုအပ်ချက်သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်တွင် တန်ချိန် (၁၉.၀၁) သန်း ရှိခဲ့ပြီး ယခုနှစ်တွင် တန်ချိန် (၁၉.၈၅) သန်းအထိ မြင့်တက်လာပြီး တခြားနိုင်ငံများသို့ စားအုန်းဆီ တင်ပို့မှုသည်လည်း (၁၅.၇၃) သန်းမှ (၁၆.၄၄) သန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။    ကျန်ရှိသည့် ဝယ်လိုအားသည် ပြည်တွင်းမှ ဖြစ်ပြီး တန်ချိန် (၂.၉၈) သန်းနှင့် ဇီဝဒီဇယ်ထုတ်လုပ်မှု ၄၄၀,၀၀၀ တန်တို့မှ လာမည်ဟု ခန့်မှန်းထားကြောင်း အိန္ဒိယ ဟင်းသီးဟင်းရွက်ဆီ ထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ Sudhakar Desai က ပြောသည်။   အဓိကအားဖြင့် အင်ဒိုနီးရှားနိုင်ငံ၏ ပို့ကုန်ကန့်သတ်ချက်များကြောင့် စားအုန်းဆီ ၀ယ်လိုအား အပြောင်းအလဲသည် အိန္ဒိယအား မလေးရှားနိုင်ငံမှ စားအုန်းဆီ ဝယ်လိုအားကို ပိုမို မြင့်တက်လာစေခဲ့ပြီး သိုလှောင်ထားသည့် လက်ကျန်များ ကုန်သွားသည်အထိ ရောင်းချနိုင်ခဲ့ခြင်း ဖြစ်သည်။   မလေးရှားနိုင်ငံ၏ ၂၀၂၃ ခုနှစ်ကုန်ထိ စားအုန်းဆီ သိုလှောင်မှုမှာ တန်ချိန် (၄.၃၃) သန်း ရှိမည်ဖြစ်ပြီး ယခင်နှစ်က တန်ချိန် (၄.၂၂) သန်းထက် ပိုများကာ ထုတ်လုပ်မှုသည်လည်း ယခုနှစ်တွင် တန်ချိန် (၁၈.၉၅) သန်းနှင့် (၂.၆) ရာခိုင်နှုန်းအထိ ပိုမို ကြီးထွားလာရန် မျှော်လင့်ထားသည်။   သို့ရာတွင် ‘‘ဒါက ကြီးကြီးမားမား တိုးတက်မှုတော့ မဟုတ်ပါဘူး။ မလေးရှားအတွက် စားအုန်းဆီ ထုတ်လုပ်မှုက နှေးကွေးနေသေးတယ်’’ ဟု Sudhakar Desai က UOB Kay Hian ၏ စားအုန်းဆီ Webinar တွင် ယမန်နေ့က ပြောကြားခဲ့သည်။   Advertisement Click Here > DM Trading   အိမ်နီးချင်းနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် အကြီးဆုံး စားအုန်းဆီ ထုတ်လုပ်သည့် နိုင်ငံဖြစ်ပြီး ၎င်းနောက်တွင် မလေးရှားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က လိုက်ပါနေသည်။ စားအုန်းဆီသည် တစ်ကမ္ဘာလုံးတွင် အစားများဆုံး ဆီဖြစ်ပြီး ယခုနောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်ဆီများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် စားသုံးလာကြသည်။   မလေးရှား-အင်ဒိုနီးရှား ပေါင်းစပ် ထုတ်လုပ်မှုသည် ၂၀၂၃ ခုနှစ်တွင် တန်ချိန် (၆၈.၇၂) သန်း ရောက်ရှိရန် မျှော်မှန်းထားပြီး တင်ပို့မှုမှာ တန်ချိန် (၄၄.၆၃) သန်း ရှိမည် ဖြစ်ကာ အင်ဒိုနီးရှားသည် စားအုန်းဆီတန်ချိန် (၅၇.၀၉) သန်းကို စုစုပေါင်း ထုတ်လုပ်မှု ကိန်းဂဏန်းများအရ ထောက်ပံ့ပေးမည် ဖြစ်သည်။   စားအုန်းဆီ ဒုတိယအများဆုံး စားသုံးသည့် အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်တွင် ဟင်းရွက်ဆီ တန်ချိန် (၁၄.၃၇) သန်း အပါအဝင် စားအုန်းဆီတန်ချိန် (၉.၃) သန်း၊ ပဲပုပ်ဆီတန်ချိန် (၃.၀၁) သန်းနှင့် နေကြာဆီ တန်ချိန် (၂.၁) သန်း တင်သွင်းရန် မျှော်မှန်းထားကြောင်း သိရသည်။   '' အခြားနိုင်ငံတွေလိုပဲ အိန္ဒိယဟာ စျေးနှုန်းတွေ ဆက်တိုက် ကျဆင်းနေတုန်းမှာ လက်ကျန်စားအုန်းဆီတွေ ရယူထားဖို့ လိုပါတယ်။ စားအုန်းဆီဈေးဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာ အထွတ်အထိပ် ရောက်ရှိခဲ့ပြီး လက်ရှိ တစ်တန် ရင်းဂစ် (၄,၂၀၀) ကျော်အထိ ကျဆင်းသွားခဲ့တယ်လို့ Sudhakar Desai က ဆိုသည်။    ၎င်းက “ ကျွန်တော့်အတွက်ကတော့ ဟင်းသီးဟင်းရွက်ဆီ ဝယ်လိုအားက ပြန်တက်လာပုံပါပဲ ” ဟု ဆက်ပြောပြီး ပဲပုပ်ဆီဈေး (၃၇) ရာခိုင်နှုန်း၊ နေကြာဆီဈေး (၄၃) ရာခိုင်နှုန်းထိ ကျဆင်းခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရသည်။   တစ်ကမ္ဘာလုံး အတိုင်းအတာအရ စားအုန်း ဆီထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်နှင့် ယခု ၂၀၂၃ ခုနှစ်တွင် (၇၉.၂၂) သန်းအထိ ရှိလာနိုင်ပြီး ၂၀၂၁-၂၀၂၂ ခုနှစ် အစောပိုင်းထက် (၁၀) ရာခိုင်နှုန်း မြင့်တက်လာဖွယ် ရှိသည်။ တစ်ဖက်တွင်မူ ကမ္ဘာလုံးဆိုင်ရာ ပဲပုပ်ဝယ်လိုအားသည် တန်ချိန် (၆၀.၁၉) သန်း၊ ရာခိုင်နှုန်းအားဖြင့် (၀.၃) ရာခိုင်နှုန်းသို့ ကျဆင်းလျက် ရှိသည်။   Su Mon Oo Ref : The Star