Food & Livestock

Thursday, 14 September 2023 18:35
အာရှဆန် ဈေးနှုန်းများ ကျဆင်း

Tuesday, 12 September 2023 13:53
တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ လွန်ခဲ့သည့် နှစ် (၃၀) ကျော်ခန့်မှ ဆီအုန်းစိုက်ပျိုးမှု စတင်ခဲ့ပြီး ယခုအခါ ဆီအုန်းကုမ္ပဏီပေါင်း (၃၉) ခုဖြင့် ဆီအုန်းစိုက်ဧကပေါင်း (၃၉၅,၇၂၁) ဧက စိုက်ပျိုးထားကြောင်း တနင်္သာရီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။   ဆီအုန်း စိုက်ပျိုး အောင်မြင်နိုင်သည့် ရေ၊ မြေ စသည့် ရာသီဥတု အခြေအနေများကြောင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ပြည်တွင်းသာမက ပြည်ပကုမ္ပဏီများကပါ ဆီအုန်းစိုက်ပျိုးမှုအတွက် လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်ကြခြင်း ဖြစ်သည်။ “ ၂၀၂၃- ၂၀၂၄ ခုနှစ် ဧပြီလမှ သြဂုတ်လအထိ ကောက်ယူထားတဲ့ စာရင်းများအရဆိုရင် တနင်္သာရီတိုင်းဒေသကြီး အတွင်းမှာရှိတဲ့ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်၊ ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင် စတဲ့ ခရိုင် (၄) ခုမှာ ဆီအုန်းစိုက်ဧကပေါင်း (၃၉၅,၇၂၁) ဧက ရှိပါတယ်။ ဆီသီးခိုင် ခူးနိုင်တဲ့ဧက (၁၈၃,၃၂၁) ဧကရှိတယ်။ တစ်ဧကအထွက်နှုန်းကတော့ (၂.၇၄) တန် ထွက်ရှိပါတယ်။ စုစုပေါင်း ဆီသီးခိုင် ထွက်ရှိမှုကတော့ (၅၀၂,၈၂၅) တန် ထွက်ရှိပါတယ်။ ” ဟု တနင်္သာရီတိုင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း၌ ဆီအုန်းစိုက်ပျိုးသည့် ကုမ္ပဏီပေါင်း (၃၉) ခုနှင့် ပုဂ္ဂလိကခြံရှင် (၄၀) နီးပါးခန့် ရှိပြီး ထွက်ရှိလာသည့် ဆီသီးခိုင်အများစုကို ဘုတ်ပြင်းခရိုင်နှင့် ကော့သောင်းခရိုင်အတွင်းရှိ ဆီကြမ်းစက်များသို့ သွားရောက် ရောင်းချရသဖြင့် အလေအလွင့်များနှင့် ကုန်ကျမှုစရိတ်စက များပြားကြောင်းနှင့် ယခုလက်ရှိတွင် ဆီသီးခိုင်စျေးနှုန်းမှာ တစ်တန်လျှင် ငွေကျပ် (၃၃၀,၀၀၀) ခန့် ပေါက်စျေးရှိကြောင်း သိရသည်။   Ad > Myat Mi Ba “ ကျွန်တော်တို့ခြံက ထွက်ရှိတဲ့ ဆီသီးခိုင်တွေကို တောင်ဒဂုံစက်ရုံမှာ သွားရောက် ရောင်းချနေရတယ်။ ဆီအုန်းစိုက်ပျိုးမှုက ယခုလက်ရှိမှာ တွက်ခြေကိုက်ပေမယ့် ထွက်ရှိလာတဲ့ ဆီသီးခိုင်တွေ သွားရောက် ရောင်းချရတာ ဝေးတော့ စရိတ်တွေကုန်ကျမှုနဲ့ အလေအလွင့်တွေ ရှိပါတယ်။  မြိတ်ခရိုင်အတွင်းမှာသာ ဆီကြမ်းနဲ့ ဆီချောစက်ရုံတွေသာ ရှိမယ်ဆိုရင်တော့ ကျွန်တော်တို့ ခြံရှင်တွေအတွက် ပိုပြီး အဆင်ပြေလာနိုင်သလို စိုက်ပျိုးသူတွေအနေနဲ့ ဆီသီးခိုင် အထွက်ကောင်းဖို့ ကြိုးစား ဆောင်ရွက်လာမယ်။ အလေအလွင့်မရှိ စက်ရုံများကို အချိန်တိုအတွင်း ပို့ဆောင်နိုင်ရင် စရိတ်စက သက်သာလာပြီး ဝင်ငွေများလည်း တိုးပွားလာနိုင်ပါတယ်။ ” ဟု မြိတ်မြို့နယ်အတွင်း ဆီအုန်းစိုက်ပျိုးလုပ်ကိုင်နေသူ တစ်ဦးက ပြောကြားသည်။ ဒေသခံတောင်သူများနှင့် ကုမ္ပဏီများမှ ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းကို ထိထိရောက်ရောက် စိုက်ပျိုး လုပ်ကိုင်ပါက ဆီအုန်း စတင်စိုက်ပျိုးသည့် အချိန်မှ (၅) နှစ်ခန့် ကြာလာသည့်အခါတွင် စီးပွားဖြစ် ဆွတ်ခူးနိုင်မည် ဖြစ်သည်။  နောက်ထပ် (၃) နှစ်လောက် ကာလအကြာတွင် အရင်းကြေကာလတစ်ခုကို ရောက်ရှိလာသည့်အပြင် နောက်ထပ် နှစ်ပေါင်း (၂၀) ကျော် ကြာသည့်အထိ ဆီသီးခိုင်များ ထုတ်လုပ်နိုင်မည် ဖြစ်၍ ဝင်ငွေများလည်း ပိုမိုရရှိသွားမည့် စိုက်ပျိုးရေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် ဆီကြမ်းစက်ရုံများ တည်ရှိမှုမှာ ထားဝယ်ခရိုင်တွင် (၁) ခု၊ မြိတ်ခရိုင်တွင် (၁) ခု၊ ဘုတ်ပြင်းခရိုင်တွင် (၂) ခုနှင့် ကော့သောင်းခရိုင်တွင် (၂) ခု စုစုပေါင်း ဆီကြမ်းစက်ရုံ (၆) ခု ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။ မြန်မာ့နိုင်ငံတွင် ဆီအုန်းစိုက်ပျိုး အောင်မြင် ဖြစ်ထွန်းမှုတွင် တနင်္သာရီတိုင်းဒေသကြီး တစ်ခုတည်းသာ ရှိသောကြောင့် မြိတ်ခရိုင်၌ ဆီကြမ်းစက်ရုံနှင့် ဆီချောစက်ရုံ၊ ကော့သောင်းခရိုင်၌ ဆီချောစက်ရုံများ ဖြစ်ပေါ်လာရန် ကုမ္ပဏီများနှင့် ဒေသခံ ဆီအုန်းစိုက်ပျိုးသူ ခြံရှင်များက မျှော်လင့်နေကြကြောင်း သိရသည်။

Monday, 11 September 2023 18:55
ဖိလစ်ပိုင်တွင် ဆန် လက်လီဈေးနှုန်းများ လျော့ကျရန် ဆန်သွင်းကုန်ခွန်များ လျှော့ချဖို့ ဝန်ကြီးဌာနများ အဆိုပြု

Monday, 11 September 2023 13:54
ဖိလစ်ပိုင်နှင့် မြန်မာအကြား စိုက်ပျိုးရေးနှင့် အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ     ဖွံ့ဖြိုးတိုးတက်ရေးတွင် ပူးပေါင်း ဆောင်ရွက်ရန်အတွက် နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ ကြကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI မှ သိရသည်။   နားလည်မှုစာချွန်လွှာအား ASEAN-BAC Philippines  ဥက္ကဋ္ဌ Mr Joe  Ma A Concepcion III နှင့် ASEAN BA Myanmar ဦးအေးဝင်းတို့က စက်တင်ဘာ (၅) ရက်တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့၌ ကျင်းပသည့် အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ စီးပွားရေးလုပ်ငန်းရှင် အများအပြား တက်ရောက်ခဲ့ကြသော ဖိလစ်ပိုင်-အင်ဒိုနီးရှား စားပွဲဝိုင်းဆွေးနွေးပွဲတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။   Ad > MMM Car Sales Center   အဆိုပါ နားလည်မှုစာချွန်လွှာတွင် အသေးစား၊ အလတ်စားနှင့် အကြီးစား တောင်သူလယ်သမားများ၊ လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအကြား အလားအလာရှိသော စိုက်ပျိုးရေးကဏ္ဍ၊  စိုက်ပျိုးရေးနည်းပညာ၊  စားနပ်ရိက္ခာဖူလုံရေး၊  စားနပ်ရိက္ခာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်  စိုက်ပျိုးရေးအခြေခံ  စားနပ်ရိက္ခာ ထုတ်လုပ်ရေး၊  စိုက်ပျိုးမွေးမြူရေးလုပ်ငန်းပုံစံများနှင့်   တန်ဖိုးမြှင့် ထောက်ပံ့မှု ကွင်းဆက်များ ဖွံ့ဖြိုး တိုးတက်ရေးတို့အတွက် လေ့လာမှုများနှင့် လမ်းညွှန်မှုများ ပြုလုပ်ကြရန် ပါရှိသည်။   ထို့နောက် ကုန်သွယ်မှုနှင့်   ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာဖလှယ်ခြင်း၊   ဆန်နှင့် လယ်ယာထွက်ကုန်များ၊  ဝန်ဆောင်မှုကဏ္ဍများတွင်  လိုအပ်သည့် စီးပွားရေးဆိုင်ရာ လိုအပ်ချက်များကို သတ်မှတ်ရန်လည်း ဖော်ပြထားသည်။   ယင်းပြင်  ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင် ဖြေရှင်းရာတွင် ထိရောက်သော မဟာဗျူဟာများကို     မြှင့်တင်ရန်နှင့် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့အတွက် ရေရှည်တည်တံ့သော လယ်ယာစီးပွားရေး ပတ်ဝန်းကျင်ကို ရရှိရန်တို့ ပါဝင်ကြောင်း သိရသည်။

Monday, 11 September 2023 00:01
ဗီယက်နမ် ပို့ကုန်ဆန် ပြတ်လပ်ဖွယ်ရှိ

Sunday, 10 September 2023 14:25
ကမ္ဘာ့သကြားဈေး ၁၂ နှစ်တာအတွင်း အမြင့်ဆုံး ရောက်ရှိ

Sunday, 10 September 2023 14:19
ဗီယက်နမ် ပို့ကုန်ဆန် ဈေးပြန်ကျ

Sunday, 10 September 2023 08:41
ဆန် ဈေးတက်သော်လည်း FAO ကမ္ဘာ့စားနပ်ရိက္ခာဈေးနှုန်း အညွှန်းကိန်း ၂ နှစ်အတွင်း အနိမ့်ဆုံးသို့ ပြန်လည်ကျဆင်း 

Friday, 08 September 2023 12:08
ယူရီးယား တင်ပို့မှုကို ဆိုင်းငံ့ထားရန် ဓာတ်မြေဩဇာ ထုတ်လုပ်သူများကို တရုတ်အစိုးရ ညွှန်ကြားထား